ဗိုလ်ကြီး ခိုင်နီရောင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ

(က) အမည် – မောင်မြရွှေ (ခ) ခိုင်နီရောင် ၊ ကိုယ်ပိုင်အမှတ် (၀၀၂၅)(ခ) မိဘအမည် – ဦးမောင်နီ +ဒေါ်ကျန်သာဖြူ (ဂ) မွေးသက္ကရာဇ် – ၁၃၁၁ ခုနှစ်၊ တပေါင်းလပြည့်(၁၅) စနေ၊နေ့ ၊ ခရစ် – ၁၉၄၉ ခုနှစ် ၊ မတ်လ (၉) ရက် စနေနေ့(ဃ) မွေးရာဇာတိ – မင်းဖူးကျေးရွာ၊ မင်းပြားမြို့နယ်၊ ရခိုင်ပြည်(င) ပညာအရည်အချင်း – ဒဿမတန်း ၊ ဓမ္မာစရီယ၊ ရခိုင်စာပီသမိုင်း၊ သုတေသီ (စ) ရာထူးအဆင့် – ALP – ဂုဏ်ထူးဆောင် ၊ဗဟိုအဖွဲ့ဝင် ၊ ALA – ကွန်မန်ဒို (တပ်မှူး) ခိုင်နီရောင်ကို ၊ မင်းပြားမြို့နယ် ၊ မင်းဖူးကျေးရွာနေ အဘ – ဦးမောင်နီ ၊ အမိဒေါ်ကျန်သာဖြူ တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၆) ဦးအနက် ပဉ္စမမြောက် သားမြတ်ရတနာဖြစ်သည်။ ငယ်နာမည် (၁) လှထွန်း ရွှေ (၂) အောင်မြရွှေဖြစ်သည်။ တော်လှန်ရေးနယ်မြေသို့ရောက်သောအခါ ခိုင်နီရောင် အမည်ဖြစ်လာသည်။ ငယ်စဉ်က မင်းဖူးကျေးရွာ မူလတန်းကျောင်း၌ ပညာသင်ခဲ့သည်။ အသက် ဆယ်နှစ်အရွယ်တွင် ရှင်သာမ ဏေဘဝဖြင့် မင်း ဖူးကျေးရွာ အနောက်ဘက်ကျောင်း ဆရာတော်ဦးဉာဏထံ လောကနီတိကျမ်း၊ ပရိတ်ကြီး ၊ လောကသာရ ဆုံးမစာ၊ သင်္ဂြိုဟ်၊ သဒ္ဒါ၊ဝိနည်း ၊သင်ကြားယင်း အဘိဓမ္မာစာ မေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာ ၊ ပထမအဆင့် ၊ဒုတိယအဆင့် တတိယအဆင့်၊ (၃) ဆင့်ကိုအောင်မြင်ခဲ့သည်။ (၁၃၂၃ ခုနှစ် ငွေတံဆိပ်ဆု အောင်လက်မှတ် ရရှိခဲ့သည်။ ထို့နောက်အသက် (၁၃) နှစ် ရောက်သောအခါ ဦးရီးဖြစ်သူတို့က ရန်ကုန် သို့ခေါ် ဆောင်၍ပညာ သင်ကြားခဲ့သည်။ ပဉ္စမတန်းမှစ၍ ဒဿမတန်းထိ ယင်းကြောင်း ၁၉၆၈ ခုနှစ်တွင် ဆယ် တန်းစာမေးပွဲကို ရန်ကုန် (တာမွေ) အထကကျောင်း အမှတ်(၁) ခုံအမှတ် (၁၅၅)၌ ဖြေဆိုခဲ့ရာ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ဦးရီးဘုန်းကြီးနှစ်ပါးမှာမူ ခိုင်နီရောင်အား တက္ကသိုလ်တက်ခွင့်မပြုဘဲ လောကုတ္တရာစာပေ သင်္ဂြိုဟ် ၊ သဒ္ဒါ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ အလင်္ကာ၊ပါဌာန်းဇာတ်၊ဆန်း၊ အဘိဓာန်၊ယမိုက်ပဌာန်း၊ဓမ္မပဒပါဠိ ကျမ်း စာများကို၊ အနက်အဓိပ္ပါယ်သင်ကြားပို့ချပေးသည်။ ခရစ် ၁၉၆၉ ခုနှစ် အစိုးရပါဠိ ပထမန်စာမေးပွဲကို ဖြေဆို ခွင့်မပြုခဲ့သဖြင့် ပြင်ပစာမေးပွဲများကိုသာ ဖြေဆိုခွင့်ရရှိခဲ့သည်။ ဋိကာကျော်စာမေးပွဲ၊ သုစမ္မာပရိယတ္တိ စာမေးပွဲ၊ ဝိနယနုဂ္ဂဟစာမေးပွဲ၊ ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ခရစ် ၁၉၇၀ ခုနှစ်တွင် အစိုး ရပါဠိ ပထမပြန် (ပထမ ငယ်တန်း၊ ၁၉၇၁ ခုနှစ်၊ ပထမလတ်တန်း၊ ၁၉၇၂ ခုနှစ် ၊ ပထမကြီးတန်းကို အောင်မြင် ခဲ့ပြီး။ ၁၉၇၃ ခုနှစ်၊ ပါရာရာဇိကဏ်အဌာကထာ၊ သီလက္ခန္ဓအဌာကထာ၊ အဌသာလိနိအဌကထာ၊ ကျမ်းရင်း(၃)ကျမ်းကို အရှင်တေဇဝံသ ဘွဲ့ဖြင့်ဖြေဆိုအောင်မြင်ခဲ့သည်။ထို့နောက် ဦးရီးဘုန်းကြီးနှစ်ပါး၊ မင်္ဂလသုခ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးကေသရာဘိဝံသထံမှ ရခိုင်ရာ ဇဝင်၊ ပီမူကျမ်း၊ ( အလုံ) ပရိယတ္တိပါဠိတက္ကသိုလ်ကျောင်းတိုက် အရှင်ဇောတာဘိဝံသထံမှ၊ ရခိုင်ရာဝင်ပီ မူကျမ်းတို့ကို ငှါးပေးသဖြင့် လေ့လာတတ်မြောက်သည့်အပြင်၊ ရခိုင်ရာဇဝင် သုတေသီ ဦးအောင်သာဦး ထံမှ ရခိုင်အက္ခရာစာများ ပဏ္ဍိတဆရာကြီး ဦးဦးသာ ထွန်းထံမှ ရာဇဝင်၊ ဘုရားသမိုင်း၊ ဓာတ်သမိုင်း၊ ဒူးဂ ဏန်၊ သက္ကဋ၊ ပိဋကတ်သင်္ချာ၊ ကျောက်စာပေါင်းချုပ်ကို လေ့လာသင်ကြားတတ်မြောက်ထာခဲ့သည်။ ငယ်စဉ် က မင်းဖူးဆရာတော်ကြီးသင်ကြားပေးသော၊ ရွှေတွက်၊ ငွေ တွက်၊သစ်တွက်၊ ဂဏန်းကျမ်း၊ သက်၊ ဒိုင်နက် အက္ခရာစာ၊ဂါထာမန္တံအင်း၊တိုင်းရင်းမြန်မာ့ဆေးသင်တန်းစာမေးပွဲသုံးဆင့်ဖြင့်အောင်မြင်ခဲ့သည်။ (ဤကား ပထမပိုင်းကဏ္ဍ) ခရစ် – ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ မောင်စိန် တုံးကို စည်းရုံးရေးတာဝန်ဖြင့်ရောက်ရှိလာသည်။ မောင်စိန်တုံးနှင့်အတူ ရဟန်း(၆)ပါး လူဝတ်ပြောင်းပြီး ခိုင်နီရောင်မှာ ရဟန်းအဝတ်ဖြင့်သိက္ခာမချဘဲ ကရင်ပြည် ကော့မှူးရာ အထူးတပ်ရင်း (၁၀၁) သို့ ရောက်ရှိပြီး ကရင်တပ်ရင်းဧရိယာထဲ၌၊ ခေါင်းဆောင် ခိုင်မိုးလင်းနှင့် အတူဆင်ရဲကျပ်တဲ့စွာတာဝန်ထမ်းဆောင်ခဲ့ကြသည်။ တပ်တွင်း၌ မီးသွေးဖုတ် ရောင်းရငွေဖြင့် သုံးစွဲရသောကာလဖြစ်သည်။ ၁၉၇၄ ခုနှစ်ရောက်သောအခါ လူသစ် များတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်ရှိကြသည်။ လူ (၅၀)ခန့် (ပထမ အခြေခံစစ်သင်တန်းကို ကရင်စခန်း၌ သင်ကြား ရသည်။ ခိုင်နီရောင် ကိုယ်ပိုင်အမှတ်မှာ (၀၀၂၅) ဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)ကို ၁၉၇၄ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့ဖွဲ့စည်းခဲ့သည်။ ခိုင်နီရောင်မှာ ယင်းအချိန်က ရာထူး/တာဝန်မှာ ပါတီကေဒါ တပ်ကြပ်အဆင်သာရှိခဲ့သည်။ ပြန်တမ်းဝင်မှ လျှောက်ချခြင်းခံရသည်။ ၁၉၇၆ ခုနှစ်၊ ဇွန်လ(၂၀) ရက် ကရင်သော်လဲ့ထာစခန်းမှ မိုးလင်းရာဇာစစ်ကြောင်း ရခိုင်ပြည်တော်ပြန်ခရီးရှည်တွင် ခိုင်နီရောင် မှာအစအ ဆုံးထိပါဝင်ခဲ့သည်။ ကရင်ပြည်တစ်ခွင်၌တိုက်ပွဲပေါင်း (၃၁၆) ပွဲ၊ ချင်းတောင်တန်းတွင်၊ ရန်သူတပ်မှ (မြရတ နာ)စစ်ဆင်းရေးလုပ်၍ တိုက်ပွဲ(၇၇) ပွဲ စုစုပေါင်း (၃၉၃) ပွဲဖြစ်ပွားခဲ့သည်။ ၁၉၇၇ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ တွင် ဥက္ကဌ ခိုင်မိုးလင်းနှင့်ခေါင်းဆောင်၊ ရဲဘော်များ ကျဆုံပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ(၈၉)မှ ဖမ်းဆီးခြင်းကိုခံရကာ တပ်ရင်းအချုပ်၌ (၂) နှစ်ကျခံခဲ့ရသည်။ စစ်ခုံရုံးဖွင့်တရားစီရင်ချက်ို မန္တလေးထောင် သို့ ခေါ်ဆောင်၍ ဦးစွာသေဒဏ် ချမှတ်၏ အယူခံဝင်သဖြင့် (၁၂၁/ ၂ ပုဒ်မဖြင့် တသက်တကျွန်း ချမှတ်ခံ လိုက်ရသည်။ ၁၉၈၀ ခုနှစ်၊ သံဃာဂိုဏ်းစုံး အစည်းအဝေးကြီး၏ရလဒ်ကိုအကြောင်းပြု၍ ဦးနေဝင်း၏ လွတ်ငြိမ်း ချမ်းခွင့်ဖြင့် ဇွန်လ (၂၀)နေ့တွင်လွတ်မြောက်လာခဲ့သည်။ ယင်းနောက် မင်းဖူးရွာ၌ လုပ်ကိုင်စား သောက်နေ စဉ် ထပ်မံ အဖမ်းခံရကာ နှစ်ခန့် အချုပ်ခံရသည်။ ၁၉၉၆ ခုနှစ်ရောက်သောအခါ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ အရှေ့ဘက်ဒေသ ကရင်ပြည်တပ်မဟာ(၆)၌ တပ်တည်ဆောက်ယင်း (၉)နှစ် အကြာတွင်ဗဟိုကော် မတီဝင် တပ်မှူး အဆင့်သို့ရောက်ရှိခဲ့သည်။ ခရစ် ၂၀၀၀ ခုနှစ် (၁၂) ပိုင်းတွင်ရခိုင်ပြည်လွတ်မြောက်ရေးပါ တီဥက္ကဌ ခိုင်ရဲခိုင်၏ ညွန်ကြားချက်ရ ပြည်တွင်စည်းရုံးရေးတာဝန်ဖြင့် ရခိုင်ပြည်သို့ စေလွတ်ရာ မင်းဖူးကျေး ရွာသို့ အရောက်တွင် ထောက်လှမ်းရေးမှ ဖမ်းဆီးစစ်ဆေးခြင်းတဖန်ခံ ခဲ့ရသည်။ စစ်တွေထောင်တွင် မတရားအသင်းပုဒ်မ ၁၇/၁/ အရ ထောင် (၃) နှစ်ချခဲ့သည်။ ကံအားလျှော်စွာတစ်နှစ်ခန့်နေပြီး ၊လွတ်ငြိမ်း ချမ်းသာဖြင့် လွတ်မြောက်လာခဲ့သည်။ခရစ်၂၀၁၄ ခုနှစ်၊ စတုတ္ထညီလာခံ၌ ဂုဏ်ထူးဆောင် ဗဟိုကော် မတီဝင် ဖြစ်ရွဲ ကောက် တင်မြောက်ခြင်းကိုခံခဲရသည်။ ဗိုလ်ကြီးခိုင်နီရောင်သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအပေါ်တွင် ဖြူစင်ရိုးသားစွာ အမျိုးသား တော်လှန်ရေးကို လုပ်ဆောင်သူတဦးဖြစ်ပြီး အောက်လက်ငယ်သားများကိုလည်း နားလည်းအောင်ရှင်းပြ တတ်သောခေါင်းဆောင်ဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စကားပြောရာတွင် တည်ငြိမ်သူတစ်ဦး ဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ဇွန်လ(၄) ရက်နေ့တွင် ကျဆုံးခဲ့သည့် ဥက္ကဌကြီး ခိုင်မိုးလင်း ချမှတ်ခဲ့သော မူဝါဒလမ်း ညွှန်ချက်များကို လက်ကိုင်ထားသော ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် လွတ်လပ်သော ရခိုင်နိုင်ငံတော် ပြန်လည်ရရှိရေးကို လိုလားသူတစ်ဦးဖြစ်သည်။ ဗိုလ်ကြီး ခိုင်နီရောင်၏လက်ရှိအရွယ်မှာ အသက်(၇၂)ရှိပြီး ဖြစ်သော်လည်း တော်လှန်ရေးနယ်မြေတွင် အခက်အခဲ့ပေါင်းများစွာကို ရင်ဆိုင်ပြီး လက်ရှိ ကာလတွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်၏ တပ်စခန်းတစ်ခုဖြစ်သော ကရင် ပြည်အခြေစိုက် ရမ္မာဝတီ တပ်ရင်း တွင် တပ်ရင်း၏ အကြံပေးခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်ထမ်း ဆောင်လျှက်ရှိနေဆဲဖြစ်သည်။ အ ကျွန်စာရေးသူအနေဖြင့် ဗိုလ်ကြီးခိုင်နီရောင်၏ ရခိုင်တော်လှန်ရေးအပေါ် ထားရှိသော မျိုးချစ်စိတ်ဓတ်ကို လေးစားသောအားဖြင့် ဤစာကိုရေးသားရခြင်းဖြစ်သည်။ ဗိုလ်ကြီးခိုင်နီ ရောင် ကျန်းမာရေးကောင်းမွန်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ထိုထက်တဆ လုပ်ဆောင်နိုင်ပြီးရခိုင် ပြည်လွတ်မြောက်ရေးကိုလည်း မျက်ဝါထင်ထင် မြင်တွေ့နိုင်ပါစေလို ဆုတောင်မေတ္တာပို့သက်လိုက်ပါ၏။ ဗိုလ်ကြီးခိုင်နီရောင်အား ဤစာ တမ်းဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။ရဲဘော် ခိုင်သာဦးရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)

Leave a comment