• အခု ယူအက်စ်ကွန်ဂရက်က ပြဌာန်းလိုက်တဲ့ NDAA ဆိုတာက National Defense Authorization Act ပါ။ အမျိုးသား ကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ပေးတဲ့ အက်ဥပဒေပါ။ ၁၉၆၁ ခုနှစ်ကစလို့ နှစ်စဉ်ပြဌာန်းပါတယ်။ အမေရိကန်ဟာ စူပါပါဝါဖြစ်တော့ သူ့ရဲ့ကာကွယ်ရေးဟာ တကမ္ဘာလုံးက အ ရေးကိစ္စတွေ(အခုဆို စကြာဝဠာပါပါလာပြီ)နဲ့ဆိုင်တော့ ဒီအက်ဥပဒေထဲမှာ တကမ္ဘာလုံးက အရေးကိစ္စတွေကို ထည့် သွင်းပြီးပြဌာန်းပါတယ်။ ဒီဘဏ္ဍာနှစ်အတွက် NDAA ဟာ စာမျက်နှာ ၂၁၁၉ မျက်နှာ ရှိပါတယ်။ လုံခြုံရေးလေ့လာသူ တွေက ဒီအက်ဥပဒေကို သေချာလေ့လာဖတ်ရှုရပါတယ်။ ဘာလို့ဆို ဒီထဲမှာက အမေရိကန်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးတင်မကဘူး။ တကမ္ဘာလုံးရဲ့ကာကွယ်ရေးလုံခြုံရေးကိစ္စတွေပါပါဝင်နေလို့ပါ။• အခု မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထည့်သွင်းပြဌာန်းတာက ဒီဥပဒေထဲမှာပါ။ နိုင်ငံခြားရေးနဲ့ပတ်သက်သောအခြားကိစ္စ ရပ်များဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ။ မြန်မာပြည်ဒီမိုကရေ စီအရေးကို အားပေးထောက်ခံခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ပါ။ စာမျက်နှာ ၂၀၇၂ ကနေ ၂၀၇၇ အထိ ငါးမျက်နှာကျော်ပါပါ တယ်။ အဓိကကတော့ မနေ့ကရေးခဲ့သလို၊ အမေရိကန် အစိုးရပိုင်းက မြန်မာပြည်နဲ့ ပတ်သက်ပြီး လုပ်နေတာတွေကို ကွန်ဂရက်မှာ အစီရင်ခံစာတင်ဖို့ပါ။ မြန်မာပြည်နဲ့ ပတ်သက်ပြီး အက် ဥပဒေထဲမှာ ထည့်သွင်းဖို့ အဓိက တင်တာက ဆီးနိတ်တာ မစ်ခ်ျမက်ကောနယ်ပါ။ မက်ကောနယ်အကြောင်းတော့အား လုံးသိပြီးသားဖြစ်မှာပါ။ ၁၉၈၄ ထဲက ဆီနိတ်ထဲရောက်ပြီး အမေရိကန်ရီပတ်ဘလစ်ကန် ဝါရင့်ဆီနိတ်တာကြီးပါ။ သူ ဆီးနိတ်ထဲကျင်လည်နေတာ မောင်ရဲတသက်နီးပါးပါပဲ။ အမေရိကန်ကွန်ကရက်လုပ်ထုံးလုပ်နည်းတွေကို ထုံးလိုချေရေ လိုနှောက်သိတဲ့ပဂေးကြီးပါ။ အခု NDAA ထဲမှာပါတဲ့ ဗမာ့ အရေးပြဌာန်းချက်ကို ကြည့်ရင်ပဲ အစိုးရကို လွှတ်တော်လုပ် ပိုင်ခွင့်ထဲကနေ ဘယ်လိုတွန်းထားလဲဆိုတာသိသာပါတယ်။ ပညာပါပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသ လို မြန်မာ့အရေးအလွန်စိတ်ဝင်စားသူပါ။ နောက်ပြီး ဆီးနိတ်မှာ ရီပတ်ဘလစ်ကန်ခေါင်းဆောင်(minority leader)ဖြစ် လို့ အင်မတန်ဩဇာကြီးပါတယ်။ မြန်မာပြည် စစ် အာဏာ သိမ်းပြီး မက်ကောနယ်ဟာ သမ္မတဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေး ပါတယ်။ ဒါဟာ မြန်မာ့အရေးဟာ ပါတီနှစ်ခုလုံးပူးပေါင်း ဆောင်ရွက်မယ့်အရေးကိစ္စ(Bi-partisan)ဖြစ်မယ်ဆိုတဲ့အ ရိပ်လက္ခဏာပါ။• အခု နားလည်မှုလွဲနေကြတာက NDAA ကို Burma Act 2021 နဲ့ ရောနေကြတာပါ။ မတူပါဘူး။ NDAA က နှစ်စဉ်ပြ ဌာန်းတဲ့ အက်ဥပဒေပါ။ အဲ့ထဲမှာ မြန်မာ့အရေးပြဌာန်းချက် ကိုထည့်တာပါ။ Burma Act အရှည်ကောက်က Burma Unified through Rigorous Military Accountability Act of 2021 လို့ အရှည်ကောက်ခေါ်ပါတယ်။ အခုမှ ဒီအက်ဥပဒေ ဟာ အောက်လွှတ်တော်၊ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီမှာပဲ ရှိပါသေးတယ်။ အောက်လွှတ်တော်နိုင်ငံခြား ရေးကော်မတီကိုတော့ ကော်မတီဥက္ကဌဖြစ်တဲ့ နယူးယော့ခ် ဒီမိုကရက်တစ်ကွန်ဂရက်စ်မန်း Meeks နဲ့ ကော်မတီက Ranking Member ဖြစ်တဲ့ အိုဟိုင်းယိုးရီပတ်ဘလစ်ကန်ကွန် ဂရက်စ်မန်း စတိဗ်ချားဘို့က တင်တာပါ။. ဒီမိုကရက်ဖြစ်တဲ့ နိုင်ငံခြားရေးကော် မတီရဲ့ ဥက္ကဌနဲ့ ရီပတ်ဘလစ်ကန်ဖြစ်တဲ့ ranking member(ကော်မတီတွေဖွဲ့တဲ့အခါ အနိုင်ရပါတီမှာ စီနီယာအမတ်က ဥက္ကဌနေရာယူပြီး အနိုင်မရပါတီ(minority party) က စီနီယာအမတ်က ranking member ဖြစ်ပါတယ်) က အတူတင်တာဖြစ်လို့ အောက်လွှတ်တော်မှာတော့ ဒီဥပဒေက ကော်မတီထဲက ထွက်ဖို့မခက်ပါဘူး။ ကော်မတီက ထွက်ရင် အော်က်လွှတ်တော်ကိုရောက်မှာပါ။ ကော်မတီမှာ နှစ်ပါတီသဘောတူထားတာဖြစ်လို့ အောက်လွှတ်တော်မှာ လဲ အောင်ဖို့အခြေအနေကောင်းပါတယ်။• ဒါပေမဲ့ ဆီနိတ်နိုင်ငံခြားရေးကော်မတီမှာတော့ ဒီမိုကရက် ပါတီက မယ်ရီလန်းပြည်နယ်ဆီနိတ်တာ ကာဒင်ကတင်ပါ တယ်။ ပထမတော့ ဒီမိုကရက်-ရီပတ်ဘလစ်ကန်နှစ်ပါတီ ပေါင်းတင်ဖို့မျှော်လင့်ထားပေမယ့် ပေါင်းတင်(co-sponsor) လုပ်မယ့် ရီပတ်ဘလစ်ကန်ဆီနိတ်တာတွေဘက်က မပါလာ လို့ ဒီမိုကရက်ကပဲတင်လိုက်တာပါ။ မြန်မာတွေအများစုနေ ကြတဲ့ အင်ဒီယားနားပြည်နယ်ဆီနိတ်တာ တော့ဒ်ယန်း(ဆီးနိတ်နိုင်ငံခြားရေးကော်မတီဝင်) မပါလာတာက ထူးခြားတယ်ဆိုရပါမယ်။ အဓိကကတော့ ယန်းတို့ဟာ မက်ကော်နဲလ်ရဲ့ ဩဇာညောင်းပါတယ်။ ကျနော့်အထင်အရ Burma Act ပါ အချို့အချက်တွေဟာ သူ့မိတ်ဆွေ ဒေါ်အောင်ဆန်းစုကြည် မလိုလားမှာကို မက်ကောနယ်က စိုးရိမ်မှုရှိနေပုံရပါတယ်။ ဒါကြောင့် သူက နဲနဲတော့ အင်တိုက်အားတိုက်မရှိလှပါ။ အဲ့ အတွက် ရီပတ်ဘလစ်ကန်ဆီနိတ်တာတွေကလဲ ကိုယ်ရှိန် သတ်ထားပုံရပါတယ်။• ဆီးနိတ်ကော်မတီမှာ နှစ်ပါတီထောက်ခံမှုမဖြစ်သေးတော့ ပူးတွဲထောက်ခံသူတွေပိုများအောင် ကြိုးစားနေကြပါတယ်။ အထူးသဖြင့်တော့ US advocacy coalition for Myanmar (USACM)က ကြိုးစားနေကြပါတယ်။ co-sponsor လုပ်ကြ ဖို့ အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေး စည်းရုံးနေကြတာအတော် ခရီးပေါက်နေပါတယ်။ အမေရိကရောက်မြန်မာတွေရဲ့ပူး ပေါင်းပံ့ပိုးပေးမှူတွေလဲ လိုအပ်တယ်လို့သိရပါတယ်။ အဲ့ဒီ ဆီးနိတ်ကော်မတီကိုဖြတ်ကျောိပြီးမှ Senate အစည်းအဝေး ကြီးထဲ ရောက်မှာပါ။ တကယ်လို့ ဆီးနိတ်က အထက်လွှတ် အောက်၊ အောက်လွှတ်တော် သဘောတူပြီးရင် သမ္မတဆီပို့၊ လက်မှတ်ထိုးပြီး ဥပဒေဖြစ်မှာပါ။ အခုကတော့ အထက် လွှတ်တော်၊ အောက်လွှတ်တော် ကော်မတီတွေကို အောင် မြင်စွာ ကျော်နိုင်ဖို့ ကြိုးစားနေကြပါတယ်။• ပြန်ပြောရရင် NDAA နဲ့ Burma Act မတူပါဘူး။ နောက် မြန်မာနဲ့ပတ်သက်ပြီး ပြဌာန်းချက်တွေပါတဲ့ ဥပဒေတခုက တော့ ဘတ်ဂျက်ဥပဒေပါ။ appropriation bill ပါ။ အမေရိ ကန်ရဲ့ appropriation bill မှာ ကဏ္ဍကြီး ၁၂ ခုအတွက်ကို လွှတ်တော် ဆပ်ကော်မတီ ၁၂ ခုကနေ ဆွေးနွေးရေးဆွဲကြ ပါတယ်။ မြန်မာပြဌာန်းချက်ပါတာက နိုင်ငံခြားရေးနဲ့ပတ် သက်တဲ့ ဘတ်ဂျက်အက်ဥပဒေမှာပါ။ State, Foreign Operations and Related Programs လို့ခေါ်ပါတယ်။ ဒီထဲ မှာ NUG ရဲ့ ဝန်ကြီးဌာနနှစ်ခု လုပ်ငန်းဆောင်ရွက်မှုတွေမှာ ထောက်ပံ့ပေးဖို့ ဘတ်ဂျက်လျာထားတာပါ။ ဒီအက်ဥပဒေ က အခုထိဆွေးနွေးနေတုန်းပါ။ အတည်မပြုသေးပါဘူး။ စာရှည်ပါပြီ။ မရောထွေးအောင် ရေးလိုက်တာပါ။
Ko Ye