ရခိုင်ပါတီနိုင်ငံရေးသမားများ၏ အောက်တန်းကျသော စဉ်းစားတွေးခေါ်ပုံ

by: U Aung Kyaw Sein

ရခိုင်ပါတီနိုင်ငံရေးသမားများ၏ အောက်တန်းကျသော စဉ်းစားတွေး

ခေါ်ပုံ

ရခိုင်ပါတီနိုင်ငံရေးတွင်ဂျွန်ယက်တော

အမှုဖြင့် ပြစ်ဒဏ်ကျခံနေရ၍ ပါတီ

ထောင်ခွင့်မရှိသော ဒေါ်အောင်ဆန်းစုကြည်၏နောက်သို့လိုက်ပြီး ၂၀၀၈ခု

နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီ

မထောင်၊ရွေးကောက်ပွဲမဝင်ဟုကြွေး

ကြော်ခဲ့သော ALDပါတီခေါင်းဆောင်

များသည် ပါတီပြန်ထောင်ပြီးနောက်

ရခိုင်လူမျိုးများအား ပုဂ္ဂိုလ်ရေးတိုက်

ခိုက်မှု၊ပုတ်ခတ်စော်မှုများပြုလုပ်လာ

ခဲ့၏။

ထိုသို့တိုက်ခိုက်ရာတွင် NLDပါတီကို

မထောက်ခံသော တတ်သိပညာရှင်

များကို ပစ်မှတ်ထားတိုက်ခိုက်၏။

သက်ရှိထင်ရှားရခိုင်လူမျိုးများအနက်

ရခိုင်သမိုင်းပညာရှင် ပါမောက္ခဒေါက်

တာအေးချမ်းသည် သူတို့၏အဓိက

ပစ်မှတ်ဖြစ်ခဲ့၏။ဒေါက်တာအေးချမ်း

အပေါ်တိုက်ခိုက်ရာ၌ ဝါရင့်ရခိုင်နိုင်

ငံရေးသမားဦးဉီးလှစောနှင့်ယှဉ်တွဲ

တိုက်ခိုက်လေ့ရှိသည်ကိုသတိပြုမိ၏။

ALDပါတီကို ကိုယ်စားပြု၍ မိမိအ

ပေါ် Facebook Online မှ တိုက်

ခိုက်သူများကိုကြည့်လျှင် Thura mg,

Than Maung, Win Aung တို့ကိုအ

ဓိကတွေ့ရ၏။

သူတို့အားလုံးသည် မည်သူမည်ဝါဖြစ်

ကြောင်း အမည်မခံရဲဘဲ နာမည်ဝှက်

ဖြင့်တိုက်ခိုက်နေသူများဖြစ်၏။သို့ရာ

တွင် သူတို့၏ရပ်တည်ချက်မှာ ALD

ပါတီနှင့် NLDပါတီကို ကိုယ်စားပြု၍

တိုက်ခိုက်ကြခြင်းဖြစ်၏။

ရခိုင်ပြည်နယ်၌ စစ်ပွဲကြောင့် သေဆုံး

မှု၊ထိခိုက်ဒဏ်ရာရမှုများဖြစ်ပေါ်သည့်

အခါ သူတို့သည် ဝမ်းသာအားရဖြစ်ခဲ့

ကြပြီး အမေစုက အစွန်းရောက်ရခိုင်

တွေကို နှိပ်ကွပ်နေတာဟု ပြောဆိုခဲ့

ကြ၏။ALDပါတီမှ မည်သူကပြောခဲ့

သည်ကို မိမိသိသော်လည်း ၎င်း၏အ

တွေးအခေါ်မှားယွင်းမှုကို ပြုပြင်လာ

မည်မျော်လင့်ချက်ဖြင့် ယ‌နေ့တိုင်

အောင်ထုတ်မပြောဘဲနေ၏။

ရခိုင်အမျိုးသားနိုင်ငံရေးသမိုင်းတွင်

ပါတီနိုင်ငံရေးသမားများသည် မိမိတို့

၏ ရာထူးနေရာအခွင့်အရေးအတွက်

ရခိုင်အမျိုးသားရေးကိုသစ္စာဖေါက်ရန်

ဝန်မလေးသူများဖြစ်၏။

NLDပါတီအာဏာရစဉ်က စစ်ဘေး

ကြောင့်ဒုက္ခရောက်နေသောရခိုင်လူ

မျိုးများ၊ရခိုင့်ရှေးဟောင်းယဉ်ကျေး

မှုအမွေအနှစ်များကိုကာကွယ်စောင့်

ရှောက်ရန် မိမိနှင့်နီးစပ်သော ရခိုင်ပါ

တီမှ ကိုယ်စားလှယ်များကိုမေးခွန်း

များ၊အဆိုများကို ဆွေးနွေးခွင့်ရရန်

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်

အညီ မိမိကိုယ်တိုင်ရေးပေးသည်များ

လည်းရှိ၏။

သို့ရာတွင် လွှတ်တော်ဥက္ကဌများကဆွေးနွေးခွင့်မပေးဘဲ ပိတ်ပင်တားဆီး

ခဲ့သည်ဟု သိရ၏။ရခိုင်ပါတီများမှ

တင်သွင်းသောမေးခွန်းများ၊အဆိုများ

သည် လွှတ်တော်ဥက္ကဌ၊ဒုဥက္ကဌများ

သာ သိခွင့်ရနိုင်သည့်လျှို့ဝှက်ကိစ္စ

များဖြစ်သော်လည်း Win Aung အ

ကောင့်ပိုင်ရှင်က အတွင်းရေးကိစ္စများကို သိရှိကာ သရော်သည့် post များ

ကိုတင်လေ့ရှိကြောင်းအမျိုးသားလွှတ်

တော်ကိုယ်စားလှယ်ဉီးခင်မောင်လတ်

၏ post အရ သိရ၏။

၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ

က Win Aung အမည်ဖြင့် ဒေါ်ထု

မေကို ကိုယ်စားပြု၍ ရခိုင်တပ်သိပ

ညာရှင်များအား ပုတ်ခတ်တိုက်ခိုက်

၏။တပ်မတော်က နိုင်ငံတော်အာဏာ

ရယူပြပီးနောက် ဒေါ်ထုမေသည် ရခိုင်

လူမျိုးတို့ ရွေးချယ်ရမည့်လမ်းစဉ်မှာ

ဖက်ဒရယ်ဒီမိုကရေစီသာဖြစ်သည်ဟု

Live လွှင့်သည်ကို တွေ့ဖူး၏။နောက်

ပိုင်းတွင် ရခိုင်နိုင်ငံရေးသမားအများစု

သည် ရခိုင်တပ်တော်၏ မူဝါဒလမ်း

စဉ်ကို သဘောကျ၍ ပူးပေါင်းပါဝင်

လာကြသည်ဆို၏။

အထူးသဖြင့် ALDပါတီမှ Scholars

တို့ပါဝင်သည်ဆို၏။သူတို့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်

တော်၏ မူဝါဒလမ်းစဉ်ကို သဘောကျ

၍ ပူးပေါင်းပါဝင်ခြင်းလား။ဗမာနောက်မြီးဆွဲဝါဒကို အသက်သွင်းရန်

ပူးပေါင်းပါဝင်ခြင်းလားဟု မေးခွန်း

ထုတ်စရာဖြစ်လာ၏။

ယခုအခါ Win Aung အမည်ဖြင့် ဝါ

ရင့်တတ်သိပညာရှင်ဒေါက်တာအေး

ချမ်းနှင့် ဝါရင့်ရခိုင်နိုင်ငံရေးသမား

ဉီးဦးလှစောတို့အား ပုတ်ခတ်တိုက်

ခိုက်လာသည်ကို တွေ့မြင်ရ၏။ထို့အ

ပြင် ULA/AA၏ အတွင်းရေးကိစ္စ

များကို ဖေါ်ထုတ်ကာ ပျက်ရည်ပြု

လာသည်ကို တွေ့ရ၏။

ထို့ကြောင့် ULA/ AAအဖွဲ့တွင် ပူး

ပေါင်းပါဝင်လာကြသော ALDပါတီ

ဝင်များအား အထူးသတိထားစောင့်

ကြည့်ရန် လိုအပ်မည်ဟု ရှုမြင်မိပါ

သည်။

Leave a comment