ဦးဦးလှစောနန့်ပတ်သက်လို့ဝေဖန်စွာကို တုံ့ပြန်ကတ်စွာတိကိုလေ့ဖတ်ရပါရေ။
ကျနော်ဦးဦးလှစောကို ဇာကြောင့်မကြိုက်လဲ
ကျနော်နန့်ပုဂ္ဂိုလ်ရေးဇာရှိလေဆိုကေ…
ဦးဦးလှစောကို စာရွီးဆရာ၊ကဗျာဆရာမောင်ခိုင်အောင်အနီနန့်ကျနော်ချစ်ခင်၊လေးစားမှုသီးသန့်ရှိပါရေ။ဒေချင့်တပိုင်း။
နောက်ကျနော့်စာအုပ်တစ်အုပ်မှာလေ့ အမှာစာရွီးပီးပနာဂုဏ်ပြုထားရေအတွက် ယင်းကာလကလေ့ကျေးဇူးတင်ဖူးပါရေ။…
ယေကေစာပီမှာသူ့ကျေးဇူးပဲရှိရေလားဆိုကေ..ကျနော်ပို့စ်တိ၊အတွေးတိကိုဖတ်မိဖူးရေအတွက်..ကျနော့်ကျေးဇူးလေ့သူ့ပါးမှာရှိဖူးဖို့စွာဗျာယ်။
လူတစ်ယောက်၏စာတိုပီစ၊အတွေးအမြင်တပိုင်းတစကိုသဘောကျဖူးရေဆိုကေ..ဒေချင့်လေ့စားသုံးမှုတမျိုးဖြစ်လို့…အပြန်အလှန်ကျေးဇူးရှိနီကတ်စွာပါဗျာယ်။..သူရေကျနော်၏ကန့်ကူလက်လှည့်ဆရာလေ့မဟုတ်တေပိုင်အတန်းပညာဆရာလေ့မဟုတ်။
အေး..သင်ဆရာ၊မြင်ဆရာ၊ကြားဆရာထဲမှာထည့်ကေတော့ခါ..ရန်ဖက်တိလေ့အသိ၊သတိတိကိုမြဲမြံစီရေဆရာအမျိုးအစားထဲပါကတ်စွာပါဗျာယ်။ ဗုဒ္ဓကလောကသည်ဆရာလို့ဟောဖူးပါရေ။တလောကလုံးစွာသင်ပီးနီရေဆရာပါ။..အကြောက်တရားကိုသင်ပီးရေဆရာ။ရက်စက်မှုတိကိုသင်ပီးရေဆရာ..ဒေထက်အကျယ်ချဲ့ကေစာရှည်ပါဖို့။
တဖက်မှာ…ကျနော်သူ့ကိုဇာကြောင့်မကြိုက်လဲ။..
ANP..ပါတီမှာဥက္ကဌနီရာကိုယူနိုင်ယင်းနန့်ကြိုးကိုင်ကနီရေ၊ယင်းကာလကလူထုရီချိန်မြှင့်လို့သူရို့နီရာပီးလိုက်တေလူကနာမည်တဟုန်ထိုးကြီးခါ..ရွှဲကုန်သည်ပိုင်ရင်ကွဲပက်လက်ဖြစ်တေ၊..လူငယ်အင်တန်များများကိုသောက်ဝိုင်းစားဝိုင်းမှာ..သူ့ကိုလေးစားမှုကိုအသုံးချပနာအဆိပ်ခတ်တေ၊ဝိုင်းတိုက်ခိုင်းရေ..ဆိုလိုစွာက..သူတင်လိုက်တေလူသူ့ထက်နာမည်ကြီးလာကေ…မနာလိုစိတ်တိကြီးထွားပနာဘက်ပေါင်းစုံကတိုက်တေ။..ယင်းအထိ..ကျနော်သူ့ကိုမပြောဖူးခသိ။..
နောက်ဦးမြင့်နိုင်၊ဦးဖေသန်းကအစ…လွှတ်တော်အခင်းအကျင်းတစ်ခုလုံးမှာလူတစ်ယောက်အဆိုတစ်ခုကြောင့်…နာမည်ကြီးကေသူမခံစားနိုင်..ပေါက်ကွဲရေ..ပေါ်ပြူလာဖြစ်စွာကိုကြိုက်တေလို့လူများကိုရှုတ်ချရေ..တဖက်မှာသူကိုယ်တိုင်လေ့မီဒီယာမင်းသားဗျာယ်.
နောက်သူရေလွယ်အိတ်တစ်လုံးနန့်လားနီစွာရာ..ငွေမမက်လို့ပြောရေ..ကျောက်ဖြူငွေတိကိုဘုန်းကတ်တေထဲလေ့သူပါရေ..မြန်မာအီးဂရက်စ်ကလှမောင်ရွှေရို့ချပီးရေဖေသာကိစ္စမှာလေ့သူပါရေ.(ဟုတ်..မဟုတ်ကတော့ခါ..အဂုထိယင်းကိစ္စတိကိုရှင်းတမ်းမရှိကတ်သိ).ပါတီကကန်ထရိုက်သမားတိစီစိုင်ပီးရေ..လေယာဉ်အခမဲ့၊ဟိုဒေအခမဲ့ကိုလေ့ယူပျော်ရေ..ပါတီမှာအကျိုးစီးပွားကိုဇာပိုင်ရှာကတ်လေလို့သူစိတ်မဝင်စား..ပြောကေ..ထောင်ကျဖူးခစွာနန့်ဂုဏ်ဆာပြရေ..ခိုင်ကျော်မိုး(မှတ်ချက်..ခိုင်ကျော်မိုးကိုယ်တိုင်က..လိုက်လုပ်တေလို့မဆိုလို..သူ့အထာကယင်းလူငယ်တိကိုပေါင်းထားရေဆိုပနာဂုဏ်ဆာပြစွာ..ပြောက်ကျားရဲဘော်တိကိုလေ့ယင်းပိုင်ပေါင်းရေ..လူငယ်တိကိုတပည့်မွီး၊ဆရာမွီးပနာတိုက်ခိုင်းရေ.). ရို့ပိုင်လူတိနန့်ပေါင်းပနာတခြားလူတိကိုဇာလုပ်ပစ်မေ..ညာလုပ်ပစ်မေဆိုရေဂုဏ်ဆာပြမှုရှိခရေ..အထင်ရှားဆုံးက..ကိုယ့်သမီးလောက်ရှိရေ..ထုမေကိုဝန်ကြီးဖြစ်လားလတ်မေကြောက်လို့တိုက်ခစွာ..မျက်စိမကန်းကတ်ဆိုကေအဂုထိ..SS..တိရှိသိရေ…ကျနော်လေ့..ယင်းချင့်မှာကိုသူ့ကိုလုံးဝလက်ခံလို့မရ..လူတစ်ယောက်ကိုတိုက်စွာဘဝမှာ..ANP..ပါတီ၏ခေါင်းကိုင်အတစ်ယောက်ဖြစ်နီလို့ပင်..ထုမေ၏ပြိုင်ဖက်..တင်ထူးအောင်ကိုလားလို့အားပီးပြရေ..ဒေချင့်ရေပါတီကနီသစ္စာဖောက်စွာမဟုတ်လား..ယင်းလောက်ထိစိတ်သဘောထားပိုင်ဆိုင်ရာအောက်တန်းကျရေ..နောက်..ANP..စကစနန့်ပေါင်းရေကိစ္စ..တတိုင်းပြည်လုံးကို..ီးထင်ရေအပေါက်မျိုးချိုးလားစွာ..ယေပြီးကေ..ကြောက်ကြောက်ပနာ..တော်လှန်ရေး ပုဆိုးကိုလားခြုံရေ…ဇာမှာလေသတ္တိ..ဇာမှာလေ..လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်မှု..အေး..ANP..ကိုပဲစိချေနန့်ဖက်နှက်ပခပြီးဗျာယ်….ULA..ကိုတောအရက်နန့်မမြည်းပစ်ဖို့ရာသတိထားစောင့်ကြည့်ကတ်ရဖို့စွာ…