ဦးမောင်မောင်စိုးဖြေပါ

ဦးမောင်မောင်စိုးဖြေပါ။.
မေးသူ..ကျော်လင်း(ရောင်စုံ)
ရခိုင်စစ်ပွဲကာလပြင်းထန်တုန်းမှာ..ရက္ခိုင့်တပ်တော်(AA) ရဲ့လောဂျစ်စတစ်လမ်းကြောင်းတွေကိုရှုထောင့်မျိုးစုံကတင်ပြခဲ့တဲ့..ရခိုင်စစ်ပွဲနှင့်သူ၏ဇာတ်ကောင်များဆိုတဲ့စာအုပ်ကို..ဘယ်လိုရည်ရွယ်ချက်နဲ့များရေးခဲ့ပါသလဲ။
ကျနော့်အမြင်ကတော့..တိုက်ပွဲမပြီးသေးဘူး။ရက်စက်မှုကလည်းသရဖူဆောင်းနေတဲ့ကာလမှာ.အေအေဟာလက်နက်တွေကိုဘယ်လိုသယ်ယူတယ်၊ရိက္ခာတွေကိုဘယ်လိုသယ်ယူတယ်ဆိုတာကိုထောင့်စုံအောင်ချပြတာက..စစ်ရေးကာလမှာဖြစ်သင့်၊မဖြစ်သင့်။.စစ်ရေးကာလမှာသတင်းဆိုတာထမင်းလို့တင်စားကြပါတယ်။ထမင်းငတ်ရင်လူဟာသေနိုင်သလို…သတင်းအချက်အလက်မရရင်လည်းစစ်ပွဲအောင်နိုင်ခြေမရှိပါ။ဒါကိုဦးမောင်မောင်စိုးလိုလက်နက်ကိုင်ဖူးသူကပိုသိပါတယ်။.
ဦးမောင်မောင်စိုးကိုခေါ်လာသူကတော့..ဒီဖက်က ဦးဦးလှစောဖြစ်ပါတယ်။ဦးဦးလှစောကဘယ်သူလဲဆိုတာတော့ပြောစရာမလိုပါဘူး။တချက်ပါပဲ…ရခိုင့်အရေးမှာရခိုင်တပ်ရဲ့လှုပ်ရှားမှု၊လက်နက်၊ရိက္ခာတွေကိုဖောက်သည်ချတာကတော့သုတေသီတစ်ယောက်ဖြစ်လို့သုံးသပ်တာလား၊ဂျာနယ်လစ်ဇင်အမြင်လားဆိုတော့..ကျနော်ခံစားလို့ကိုမရဘူး။..


Leave a comment