Min Tun’s NUCC speech

ဖယ်ဒရယ်ပြည်ထောင်စုအတွင်း ပုံမှားရိုက်ခဲ့ကြသည်ဟု ANC/AA စစ်ဦးစီးချုပ် ပြော
ANC/AA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်း (ခ) မင်းဇံဝေ၏ NUCC ဖက်ဒရယ် ပဋိဉာဉ် ညီလာခံ အမှာစကား ထဲမှ ကောက်နှုတ်ဖော်ပြပါသည်။
သမိုင်းတစ်လျှောက်လုံး ပြောနေခဲ့ ကြတဲ့….
ဖက်ဒရယ် ဒီမိုကရေစီ ဆိုတဲ့ အတွေးအခေါ်ဟာ….
1947 မတိုင်မှီကတည်းက ဒီစကားလုံးအတိုင်း ထပ်တူမဟုတ်ပေမယ့်လို့ ဒီသဘောအားဖြင့် ရှင်သန်ခဲ့တာဖြစ်တယ်။
တိုင်းရင်းသားအားလုံးလိုချင်ခဲ့တာက…
တန်းတူ အခွင့်အရေး ငြိမ်းချမ်းစွာတူယှဉ်နေထိုင်ရေးဖြစ်တယ်။
ဒါပေမယ့် အဲဒီ message သတင်းစကား…
နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး လှုပ်ရှားသူများရဲ့ ရင်ထဲက သတင်းစကားဟာ…
ပြည်သူလူထု ခေါင်းထဲကို ရင်ထဲကို မှန်ကန်စွာမရောက်ခဲ့ဘူး။
ဘာကြောင့်လဲဆိုတော့….
သမိုင်းတလျှောက်လုံးမှာ…လူမျိုးကြီးဝါဒီ စစ်အာဏာရှင်တွေရဲ့…
တစ်ဖက်သတ် ဝါဒဖြန့်ချီမှုကြောင့်ပဲ။
လူများစုဗမာ တွေရဲ့ ကြားထဲမှာ….
ဘယ်လိုအယူအဆမျိုးလွှမ်းမိုးခဲ့သလဲ???
****” ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာ တိုင်းရင်းသားတွေ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကိုဖန်တီးပြီး…ပြည်ထောင်စုက ခွဲထွက်လိုခြင်း ဖြစ်တယ်” လို့ ယူဆသွားခဲ့တယ်။
နောက်တစ်ဖက်မှာ…..
ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား ဘယ်လို အတွေးအခေါ်မျိုး လွှမ်းမိုးသလဲ???
ဆိုတော့….
*****”ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာ ဗမာ နောက်မြီးဆွဲ ဝါဒပဲ….။ ငါတို့ရဲ့ ကံကြမ္မာ ကို ငါတို့ ဖန်တီးခွင့် မဟုတ်ဘူး”
ဆိုတဲ့ အတွေးအခေါ် တန်ပြန်လွှမ်းမိုးတယ်။
ဒီအတွေးအခေါ်နှစ်ခု…
အပြန်အလှန် အကျိုးသက်ရောက်မှုကြောင့်…..
အဖိနှိပ်ခံတိုင်းရင်းသားတို့ လိုလားတဲ့ လမ်းမှန်ကို ရောက်ဖို့ အများကြီး အနှောင့်အယှက်ဖြစ်သွားခဲ့တယ်။
ဒီတော့ ဗမာ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေက
ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာ ဘာလဲ ဆိုတာ မှန်မှန်ကန်ကန် အသိပေးနိုင်ဖို့လိုအပ်တယ်။
ခေါင်းဆောင်တွေ ရဲ့ အသိမြင့်မားမှုဟာ…
ပြည်သူတွေဆီကို မှန်ကန်စွာရောက်သွားခဲ့ ရင်…..
ပြည်သူတွေဆီကို မှန်ကန်စွာရောက်သွားခဲ့ရင်……
ပြည်သူတွေဆီကိုသာ မှန်ကန်စွာရောက်သွားခဲ့ရင်……
အာဏာရှင်စနစ်အမြစ်ပြတ်ပြိုလဲပီပေါ့ဗျာ။
ဒါတွေကို နားထောင်ရတော့ ကျနော်အနနဲ့ စဉ်းစားမိတာရှိတယ်။
စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အုပ်စုတွေဟာ….
ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာကို…..
လူများစု ဗမာတွေရော….
လူနည်းစု တိုင်းရင်းသားတွေကြားထဲမှာ…..အယူအဆအမှားဖြစ်အောင် ရိုက်သွင်းနေခဲ့ကြတာပဲ။
ဒီလိုအပြန်အလှန်အမှားတွေကြောင့် တစ်ယောက်ကိုတစ်ယောက် စွပ်စွဲကြ တိုက်ခိုက်ကြရင်း…
အာဏာရှင်စနစ်ကို တည်ဆောက်ပြီး….
ဂုပ်သွေးစုပ်သွားခဲ့တာပေါ့…။
အမှောင်ထုထဲမှာ
အလင်းရောင်ကို တွေ့ခဲ့ပြီ…..

Source: Khine Mrat Kyaw (Favebook)

Leave a comment