တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ခြင်းသည် လက်ရှိအကျပ်အတည်းဖြေရှင်း နိုင်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ထုတ်ပြန် ………………………………………………………………
နေပြည်တော်၊ ဇန်နဝါရီ ၁၈ (People Media)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက် ရည်မှန်းပါက ကြိုဆိုကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန် လိုက်သည်။


