“ကြီး ၄ ကြီးအစည်းအဝေး၊ ကျောက်ဖြူညီလာခံကျင်းပရေးနဲ့ AA-ALP ပေါင်းစည်းရေးပြသနာ”

“ကြီး ၄ ကြီးအစည်းအဝေး၊ ကျောက်ဖြူညီလာခံကျင်းပရေးနဲ့ AA-ALP ပေါင်းစည်းရေးပြသနာ”

ပထမဆုံးပြောလိုသည်မှာ အောက်ဖေါ်ပြပါ ပူတွဲစာစဉ်ကိုဖတ်ကြည့်လျှင် အဘယ့်ကြောင့် ၂၀၁၃ခုကာလက ကြီး ၄ ကြီးနောက်ဆုပ်သွားရသနည်းဆိုသည်ကို လေ့လာဆန်းစစ်နှိုင်ပါမည်။ကြီး ၄ ကြီးဆိုသည်မှာ AA, ALP, ALD, RNDP ကိုဆိုလိုပါသည်။ နောက်ပိုင်းတွင် ကြီး ၃ ကြီးဖြစ်လာသည်။ ALD နှင့် RNDP ပေါင်းစည်းကာ ANP ဖြစ်လာရာ၊ AA, ALP,ANP ၃ ပွင့်ဖြစ်လာခဲ့သည်။

-၂၀၁၃ခု စက်တင်ဘာလ အစည်းအဝေးပြီးနောက်တွင် ကိုထွန်းမြတ်နိုင်က ကျနော့ကိုတိုင်ပင်လာပါသည်။ ပြည်တွင်း ၂ ပါတိနဲ့ AA, ALP အစည်းအဝေးခေါ်လျှင် မည်မျှကုန်ကျမည်နည်း။ မည်သောလုပ်ဆောင်းမည်နည်း စသည့်ဖြင့်မေးမြန်းလာပါသည်။

-ကုန်ကျငွေဒေါ်လာ ၈ ထောင်ခန့်ရှိမည်ဖြစ်ကြောင်းနှင့် ကျွန်နှုပ်တို့ ညီလာခံကျင်းပရေးကော်မတိအစည်းအဝေးနှင့် တစ်ဆက်တည်းခေါ်လျှင်စရိတ်သက်သာမည်ဖြစ်ကြောင်း အကြံပြုခဲ့ပါသည်။

-၂၀၁၃ ဒီဇင်ဘာလကုန်တွင် ဦးသာဘန်း၊ ဦးလှစော၊ ကိုခိုင်ပြည်စိုးနဲ့ ကိုသာထွန်းလှတို့ကို ညီလာခံအစည်းအဝေးကျင်းပရန် ပြည်တွင်းက ချမ်းပိုင်သို့ဖိတ်ကြားခဲ့သည်။ဒေါက်တာအေးမောင် ခရီးစဉ်ကိုရောက်ရှိမလာခဲ့ပေ။

-အိန္ဒိယနိုင်ငံမှ ခိုင်သုခ၊ ခိုင်အောင်စိုးသန်း၊ ခိုင်ထွန်းလင်းတို့ရောက်ရှိလာကြသည်။ ထိုင်းနိုင်ငံမှ ဒေါက်တာခင်မောင်၊ ကိုဝင်းအောင်၊ ခိုင်ကျော်ခိုင်၊ ကိုအောင်မင်းဦးတို့အစည်းအဝေးတက်ရောက်ခဲ့ကြသည်။

-ညီလာခံကို ၂၀၁၄ ခု မေလ ၁ ရက်မှ ၄ ရက်နေ့ထိ ကျောကိဖြူတွင်ကျင်းပရန်ဆုံးဖြတ်ခဲကြသည်။ကြီး ၄ ကြီးအစည်းအဝေ။နောက်နေ့တွင် ကိုထွန်းမြတ်နိုင်ဦးဆောင်ကာ ကြီး ၄ ကြီးအစည်းအဝေးကို နောက်ဟိုတစ်ခုတွင်ကျင်းပခဲ့သည်။ALD မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်နှင့် ဦးလှမြင့်တို့ မြန်မာနိုင်ငံမှ ရောက်ရှိလာကြသည်။ထိုကြီး ၄ ကြီးအစည်းအဝေးတွင်-ALD မှ ဦးအေးသာအောင်၊ ဥိးကျော်မြင့်၊ ဦးလှမြင့်။RNDP မှ ဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဦးသာထွန်းလှ။AA မှ ကိုထွန်းမြတ်နိုင်၊ ကိုကျော်ဟန်၊ ကိုအေးထွန်း တို့တက်ရောက်ခဲ့ကြသည်။

-ပြည်တွင်းမှ ရောက်ရှိနေသော ဦးသာဘန်း၊ ကိုကျော်ဝင်းတို့ကို အစည်းအဝေးသို့ မဖိတ်ကြားခဲ့ပေ။

-ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ညီလာခံကော်မတိအစည်းအဝေးကျင်းပသော ချန်းပေါက်ဟိုတလ်တွင် တည်းခိုနေလင့်စကား ထိုအစည်းအဝေးကို မတက်ရောက်ခဲ့ပေ။

-၄င်းအစည်းအဝေးတွင် လက်ရှိမြန်မာပြည်နိုင်ငံရေး၊ အမျိုးသားနိင်ငံရေး၊ ကျောက်ဖြူညီလာခံကျင်းပရေး၊ AA နဲ့ ALP ပေါင်းစည်းရေးကို ယေဘူယဆွေးနွေးခဲ့ကြသည်။

ပြသနာ

–ထိုမှတစ်ဆင့်တက်ကာ ကျောက်ဖြူညီလာခံကို ထိုအဖွဲ့ ၄ ဖွဲ့သာလုပ်ဆောင်ရန် အားထုတ်လာကြသည်။ ပြည်တွင်းပြည်ပမှ ၆၂ ဦးဖြင့်ဖွဲ့စည်းထားသည့် ညီလာခံဖြစ်မြောက်ရေးကော်မတိ ဘောင်ကျော်ပြီးလုပ်ဆောင်လာကြသည်။

-ထိုအခါ ထိုသော မတော်မတရားလုပ်ဆောင်မှု့ကို ကျွန်တော်ဦးဆောင်ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် ထိုကြီး ၄ ကြီးခရီး ထိုနေရာတွင် ပြီးဆုံးခဲ့သည်။AA-ALP ပေါင်းစည်းရေးပြသနာ-AA မှ ALP နှင့်ပေါင်းရန် ပြင်းပြသောဆန္ဒရှိခဲ့သည်။ ထိုကြီး ၄ ကြီးအစည်းအဝေးတွင် ခိုင်သုခမှ ကြိုးစားမည်ဟု ကတိပေးခဲ့သည်။

-သို့သော် ခိုင်ရဲခိုင်၊ ခိုင်စောနိုင်အောင်နှင့် ALP ဗဟိုကော်မတိက သဘောအတူကြပေ။

-ထိုအခါ ကိုကျော်ဟန်နဲ့ခိုင်သုခ ကြိုးစါးခဲ့ကြသည်။ မအောင်မြင်ခဲ့ပေ။

-အောင်မြင်ခဲ့လျှင် AA သည် ALP အောက်တွင် ၂၀၁၅ ခုက NCA လက်မှတ်ရေးထိုးခဲ့ပေမည်။ပေါင်းစည်းရေးမအောင်မြင်ရခြင်းမှာ

-၁) ALP မှ NCA နဲ့ ရရှိလာသော အခွင့်အရေးကို မောင်ပိုင်စီးလိုခြင်း။ AA ပါဝင်လာမည်ကို မလိုလားခြင်း။

၂) ANP အပါအဝင် လူရိုသေရှင်ရိုသေခေါင်းဆောင်များကို ကြားခံပါဝင်မဆွေးနွေးဘဲ AA မှ ကိုယ်ဖာသာကို ALP ခေါင်းဆောင်များကို တိုက််ရိုက်ဆွေးနွေးခြင်း။

၃) ALP မှ AA လုပ်ရပ် စွမ်းဆောင်မှု့ကို စောင့်ကြည့်လိုခြင်းတို့ကြောင့်ဖြစ်သည်။

နောက်ဆုံး ၂၀၁၄ အကုန်တွင် ALP အတွင်းအာဏာသိမ်းရန်ကြံစည်မှု့၊ အိန္ဒိယရှိ ALP စခန်းကို AA ဝင်သိမ်းခဲ့မှု့တို့သည် AA နှင့် ALP ပေါင်းစည်းရေး တစ်စခန်းရပ်ခဲ့ရပေသည်။

ညီညီလွင်

2022 January 10

Leave a comment