တစ်ယောက်ချင်း ဘောက်ချာဆုတ်သင့်ရာ

တစ်ယောက်ချင်း ဘောက်ချာဆုတ်သင့်ရာ
~~~~~~~
2019-2020 ၂-နှစ်တာ ရခိုင်ပြည်တွင်း
စစ်ကာလမာ လူ့အခွင့်အရေး ချိုးဖောက်မှုသ
တင်းတိ ဥပဒေမဲ့ပြုကျင့်မှုသတင်းတိ တရား
လက်လွတ် အဓမ္မပြုမူမှု သတင်းတိကို ဖြန့်ဝေ
ဝီမျှဖို့ အသာထား။သတင်းဌာနတိ လူပုဂ္ဂိုလ်တိ
ဖြန်ဝေဝီမျှရေ ယင်းသတင်းတိကိုတောင် like
မပီးဝံ့ပဲ ပါတီသမားယောင်ယောင် နိုင်ငံရေးသ
မားယောင်ယောင် တစ်အုပ်စုဟိခရေ။
နိုင်ငံရေးစင်မြင့် အားသာချက်စကေဟိနီချိန်
ဖြိုက်တေအတွက် ပါတီနိုင်ငံရေးသမားယောင်
ယောင် အကွင်ဆောင်ပနာ တော်လှန်ရေးကိုခြီ
ထိုးခရေ။
ခုအချိန်မာ ယင်းအုပ်စုစော် ယင်းသူရို့ယောင်
ခြောက်ဆယ်လုပ်ခရေ ပါတီနိုင်ငံရေးလမ်းကြောင်း ဘဲဥအစရှာမရပိုင်လမ်းစပျောက်နီရေအတွက် အခြားလမ်းကြောင်းတစ်ခုဖြိုက်တေ
တော်လှန်ရေး လမ်းကြောင်းကို ရည်ရွယ်ချက်
ဟိဟိ ချည်းကပ်နီကပ်စော်ကို တွီ့လာရရေ။
အမှန်က ယင်းသူရို့အုပ်စုစော် ပါတီနိုင်ငံရေး
သမားလေးမဟုတ်။တော်လှန်ရေးသမားလေးမ
ဟုတ်။ #ဟိုအကွေ့မှာဟိုတက်နဲ့လှော်။ #ဒေအကွေ့မှာဒေတက်နဲ့လှော် ပနာ ကိုယ့်အိတ်ဖောင်းဖို့လောက်ရာ သိတတ်တေ #ငို့ဘ သမား
တိဖြိုက်တေ။
လက်ဟိလုူထုယုံကြည်လက်ခံမှု အမြင့်ဆုံးမာဟိနီရေ အဖွဲ့အစည်းထဲကို အုံနဲ့ကျင်းနဲ့တစ
စ နီရာဝင်ယူပနာသူရို့ခြီ သူရို့လက်ဖြိုက်လာဖို့ စနစ်တကျတည်ဆောက်နီရေ။ ယင်းအုပ်စု
ရည်မှန်းချက်စော် ကရင်က စောချစ်သုူ ရို့ပိုင်
အဆင့်လောက်တောင် ဟိချင်မှ ဟိလီဖို့။
ရည်မှန်းချက် မျှော်လင့်ချက်ကြီးမားပနာ လူထုယုံကြည်ထောက်ခံမှု အမြင့်ဆုံးမာဟိနီရေအဖွဲ့အစည်းကိုဝင်ပူးပနာ ယင်းအဖွဲ့အစည်းကို
ပုံရိပ်ကျဆင်းအောင်လုပ်နီရေ။တော်လှန်ရေးကို ကိုယ်ကျိုးအတွက်အသုံးချဖို့ ရည်ရွယ်ချက်
ဟိဟိ ဝင်ရောလာရေ ယင်းအုပ်စုဝင် တိကိုအ
ချိန်မှီ တစ်ယောက်ချင်းဘောက်ချာ မဆုတ်နိုင်
ကေ ကြီးမားရေ ဘေးထွက်ဆု်ိးကျိုးတိဖြိုက်လာ
နိုင်ရေ။


Leave a comment