AFP ပါတီ ​​ကျောက်ဖြူမှာမဲနိုင်ရခြင်းအ​ကြောင်းထိပ်ပိုင်းAFP ပါတီဝင်တိ ULA/AA ကို​လေးစားမှုပြသင့်

AFP ပါတီ ​​ကျောက်ဖြူမှာမဲနိုင်ရခြင်းအ​ကြောင်းထိပ်ပိုင်းAFP ပါတီဝင်တိ ULA/AA ကို​လေးစားမှုပြသင့်

————————-

၂၀၂၀ ​ရွေး​ကောက်ပွဲမှာ AFP ပါတီ ​ကျောက်ဖြူတခုတည်းမှာ သုံးနီရာအနိုင်ရ​ရေ၊ ​ရက္ခိုင်တပြည်လုံးမှာလည်အခြားနိန်ရာတိမှာ အနိုင်မခပါ၊ ယင်း ၃နီရာဆိုစွာ ပါတီအတွက်တာထွက် မျက်နှာပန်းဆို​ကေမမှား၊ ​ကျောက်ဖြူသားတိဇာ​ကြောင့်AFP ပါတီကိုမဲပီးခကတ်​တေလတ်?

၁၊ ​AFP ပါတီဝင်တိမဲဆွယ်ခါ၊ ငြို့ပါတီ AA ကို​ထောက်ခံ​ရေလို့​ပြောဗျာလ်မဲဆွယ်​ရေ

၂၊ ​ပါတီအတွင်း​ရေးမှု ဦး​ကျော်​ဇော်ဦး​​ကျောက်ဖြူရောက်လာခါ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ နိုင်​ကေ​လေ့တခု​လေ့ပျင်လို့မရ၊ စစ်ဖြစ်နိန်​ရေ​ဒေသမှာ စစ်​ဘေးသင့်ပြည်သူတိကိုလွတ်​တော်အမတ်တစ်​ယောက်အနီနန့် အကာကွယ်ပီးနိုင်​အောင် အနိုင်ရအမတ်တိက မီဒီယာကတဆင့် ​ပြောပီရဖို့ ကာကွယ်ရဖို့ ယင်းပိုင်တထုရာလုပ်နိုင်​ရေ​ပြောခဖူး​ရေ၊ စစ်မီး​တောက်နီ​ရေ​ဒေသမှာ သူ​ပြောစွာ လက်တွိ့ကျ​ရေလို့​ကျောက်ဖြူသားတိယူဆကတ်​တေ၊

၃။ ​ANP ပါတီကဖိုးစံရို့ အမတ်ပြိုင်ခွင့်ရဖို့ အမှုရင်ဆိုင်နိန်​ရေချိန် စစ်ပြီးဒုက္ခသည်တိကို ဥ​​​​​ပေက်ခါပြုထားလို့ လူတိက ​မေးခွန်းထုတ်နိန်​ရေချိန်၊ AFP ပါတီဝင် ဦး​ကျော်လွင်က ​ကျောက်ဖြူစစ်​ပြီးဒုက္ခသည်တိ မီဒီယာကတဆင့်​ပြောကြားပီးခ​ရေ၊

၄။ ​ကျောက်ဖြူနယ်ကို NLD အစိုးရက စစ်တပ်နယ်​မြေနန့် မြို့​ပေါ်​ဒေသမှအပ ​တောနယ်အားလုံး ​ရွေး​ကောက်ပွဲ​ပိတ်ထားလို့ မဲပီးနိုင်​ရေလူဦးနည်းနီ​ရေခါ ​မဲကွဲ​ကေ ကြံ့ဖွတ်​ကောက်စားလားနိုင်​ရေတွက် ရက္ခိုင်ပါတီတပါတီကိုမဲပီးဖို့ ရည်ရွယ်ဗျာလ် ​ကျောက်ဖြူလူငယ်အဖွဲ့ ကိုထွန်းထွန်းနိုင်ရို့က မြို့လှုပ်လှုပ် နန့် AFP ပါတီကိုမဲပီးဖို့လူထုကိုတွန်းပီးခ​ရေ၊ ကျွန်​တော်ကိုယ်တိုင် နီစပ်ရာဆချို့ကိုဖုန်း​ခေါ်လို့ AFP ကိုမဲထည့်ပီးဖို​ပြောဖူး

​ဒေါက်တာ​​လေ့​ထောင်ကထွက် ​လီသံစ​ကေ ​စ​ကေ​ပြောင်းလာ​ရေ၊ ဦး​ကျော်လွင်ရို့ကအစ ရက္ခိုင် နက်လက်ကိုင်အဖွဲ့တိကွဲနိန်​ရေ အခုထိစုစည်းမရစသည် ​ULA/AA ကို လူ​ပေါင်း ၃၀ မပြည့်​ရေ ANC/AA , နန့် တပ်သား ၁၀၀ ​တောင်မပြည့်​ရေ ALP နန့် တတန်းထားလို့ လက်နက်ကိုင်လမ်းစဥ်ကို​ထောက်ပြပြီး ရက္ခိုင်လူတိကိုပါတီနိုင်ငံ​ရေးထဲပြန်ထည့်ချင်​ရေလီသံ​ရေ လက်ခံလို့မရ

Maryu MyoSet

Leave a comment