sai TAL comment 2021Dec30

ဥရောပမှာတော့ ၁၇ ရာစု ခေတ်ဦးက ဖြစ်ခဲ့တဲ့ ပရိုတက်စတင့်နဲ့ ကက်သလစ်တွေရဲ့ စစ်ပွဲတွေ၊ အာဏာလုမှုတွေ ကိုအခြေခံပြီး ၊ ဆိုင်ရာနိုင်ငံတွေမှာ တော်လှန်ရေးတွေပေါ်ပေါက်လာကာ ခေတ်သစ်နိုင်ငံတွေ ပေါ်ထွန်းလာတယ်။

အကောင်းဘက်ကတွေးရင် အခုလူငယ်ထုဟာ စု ၊ ရွေး ၊ လွှတ် ကြွေးကြော်သံကစခဲ့တဲ့ လူထု တော်လှန်ရေးဟာ အခုဆို နု့ဂျီကိုလည်း အားမနာတမ်းဝေဖန်လာတာတွေ့ရတယ်။

တဘက်က ဒါကို အခွင့်ကောင်းလို့ ယူဆ နိုင်ပေမယ့် ဒီကနေ့ လူငယ်ထုရဲ့ အတွေးအမြင်ဟာ ပိုမိုရှင်းလင်းလာနေတာကိုပြ‌ေနတယ်။ အခွင့်ထူးခံ မျှောလိုက်တဲ့ နိုင်ငံရေး သမားတွေ ၊ မည်ကာမတ်တ လက်နက်ကိုင် ( အမျိုးသား တော်လှန်ရေး မဟုတ်တဲ့ အဖွဲ့တွေ) ကိုလည်း သူတို့ လူထုတွေက ဖိအားပိုပေးလာနေတာ တွေ့ရတယ်။

နွေဦး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်မှု လေဟာနယ်က ကြီးနေဆဲပါပဲ။

စစ်တပ်အနေနဲ့ကတော့ အာဏာရှင် ဆက်ဒမ်ဟူစိန်ကိုဖြုတ်ချဖို့ အီရတ်ကို ၀င်သိမ်းတဲ့ အမေရိကန်ထက်တောင် ပိုဆိုးဝါးတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ် ဆိုနိုင်တယ်။

နီယိုလစ် ဘုရှ့်ရဲ့ အမေရိကန်က ဘဏ္ဍာ လူ့အရင်းအမြစ်အရ သူ့ထက် အပုံ တရာမက သာတာတောင် လူမှုသိပ်ပံအရ မှားယွင်းတွက်ချက်တဲ့ စစ်ပွဲဟာ ပေးဆပ်မှုကြီးခဲ့ရတယ်။

ဖက်ဒရယ်တွေ တည်ငြိမ်ရေးတွေ ၂၀၀၈ ‌ခြေဥနဲ့ အညီ ၊ ပီအာရ်တွေ အန်စီအေ တွေပြောနေပေမယ့့်
တိုင်းပြည်တည်ဆောက်ရေး ( နေးရှင်း Building ) တင်ကူးအခြေအနေ မဖန်တီးနိုင်ယုံမက ပိုမိုဆိုးရွားတဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေကို ဦးတည်လာနေတယ်။

၂၀၀၈ ခြေဥ ၊ ပီအာရ်နဲ့ ဖက်ဒရယ်ဆိုတာ အမြီးအမှောက်ဘယ်လိုမှ မအပ်စပ်တဲ့ ဖရိန်ဝေါ့ပါပဲ။ တနည်းအားဖြင့် အိမ်ရဲ့ Foundation က ယိုင်နေပြီး အသစ်မဆောက်ပဲ အဲဒီအပေါ်မှာ ထပ်ခိုးတင် ပြင်ချင်တဲ့အခြေအနေလောက်ပါပဲ။

ဖူကူယားမား အဆိုအရတော့
Nation building လုပ်ဖို့ ၄ မျိုး လိုတယ် ဆိုတယ်။

(၁) Peace keeping ငြိမ်းချမ်းရေး ထိန်းသိမ်းမှု
(၂) Peace enforcement ငြိမ်းချမ်းရေးအကျိုးသက်ရောက်စေဖို့ ဥပဒေကြောင်းအရအတည်ဖြစ်စေ တဲ့ ဘော်ဒီ ၊
(၃) Post conflicts reconstruction;ပဋိပက်ခလွန် ကာလ ပြန်လည်တည်ဆောက်မှု

(၄) Long term economic and political developments တဲ့။

Peace keeper တွေအနေနဲ့ ကြားနေ အခန်းကဏ္ဍ Neutral role မှာနေလို့ရပေမယ့် ၊ Peace enforcement ကျတော့ စည်းမျဉ်း‌ေဖာက်မဖောက်ကြည့်ပြီး ထိန်းညှိရတာ အရေးယူရတာတွေလည်း ရှိတဲ့အတွက် ဒီနှစ်ခု သဘောတရားကွာခြားလှတယ်။

တပ်ဖွဲ့တွေကEnforce လုပ်ရင်း လက်လွန်ခြေလွန်တာတွေဖြစ်လို့ ပိုဆိုးတဲ့အခြေအနေလည်း ရောက်ကုန်တာရှိတယ်။

နှုန်းစံ ယဉ်ကျေးမှု မတူပဲ အီရတ်ကို ကန်တွေ၀င်တော့ အစောပိုင်းဖြစ်ခဲ့တဲ့ လုယူသတ်ဖြတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ တည်ငြိမ်ရေး ဥပဒေစိုးမိုးရေး ပျက်ပြားမှုတွေ က တည်ဆောက်ပေးမယ်ဆ်ုတဲ့ ကတိက၀တ်တွေအပေါ် ယုံကြည်
မှုကျစေပြီး နောက်ထပ် သူပုန်သစ်တွေပေါ်လာစေခဲ့တယ်။

ပဋိပက်ခလွန်ကာလ တည်ဆောက်ရေး နဲ့ တာရှည်ခံ နိုင်ငံရေး စီးပွားရေး တိုးတက်ဖွံ့ဖြိုးစေဖို့ကိတ်စကလည်း ကွာခြားတဲ့ကိတ်စပါ။

လူမှု ဗေဒ ပညာရှင် ချားစ်လ်တိုင်လေကတော့ War made the State, and the State made war

စစ်ပွဲသည် နိုင်ငံကို ဖန်တီးသည်၊ နိုင်ငံတော်သည် စစ်မက်ဖန်တီးသည် လို့ ဆိုဖူးတယ်။

လမ်းနှစ်ခုဖြစ်နိုင်တဲ့သဘောပါ။ နဂိုကတည်းကလည်း တ်ုင်းပြည်တည်ဆောက်ရေး Nation Building ကတခါမှလမအောင်ဖူးသလို အခုကတော့ အာဏာမသိမ်းခင်ကထက်ရှိနေတဲ့ အားမကောင်းတဲ့ ဗဟိုပါဝါပါ ကျဆင်းသွားတာပါ။

ပွဲက စစချင်းတုန်းကတော့ အမျိုး၊ ဘာသာ၊ သာသနာ ဗမာနိုင်ငံထူထောင်ရေး ရည်ရွယ်ချက်ရှိတဲ့ စစ်တပ် နဲ့ ဗမာမဂျော်ရတီ ပေါ်ပြူလစ်ဇ် ဝါဒ ( Tribalism ) အခြေခံ ဒီချုပ် အာဏာလုမှုကစခဲ့တာပါပဲ။ တနည်းအားဖြင့် ပရိုက်စတင့် နဲ့ ကက်သလစ် လုသလိုပါပဲ။

ဒါပေမယ့် အခုအခင်းအကျင်းက… ဒေးဗစ်မက်သီဆင်ပြောသလို ဘာမှ မှန်းဆမရနိုင်အောင်ပါပဲ။ 

Leave a comment