U Pe Than PR Prediction

(ရွေးကောက်ပွဲကိုPRစနစ်နစ်နဲ့သွားချင်ရင်တော့2008ဖွဲ့စည်းကိုအရင်ဖျက်ဖို့လိုပါတယ်) PRစနစ်ဟာဖွဲ့စည်းပုံနဲ့မညီဘူးလို့ ယခင်ဖွဲ့စည်းပုံခုံရုံးကဆုံးဖြတ်ပြီးလွှတ်တော်ကဒီဆုံးဖြတ်ချက်ကိုလက်ခံအတည်ပြုထားပြီးဖြစ်ပါတယ် အခုအစိုးရကဖွဲ့စည်းပုံနဲ့ညီတယ် ဖွဲ့စည်းပုံမပြင်ဘဲPRစနစ်ကိုအသုံးပြုလို့ရတယ်ဆိုရင်တော့ အချိန်ငွေကုန်လူပန်းဖြစ်အောင်လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားပေးခဲ့တဲ့ ဖွဲ့စည်းပုံခုံရုံးကိုတရားစွဲဖို့လိုပါမယ် အရင်ရွေးကောက်စနစ်(FPTP)ကြောင့် အခုလိုမဲမသမာမှုဖြစ်တယ် နိုင်ငံတော်ရဲ့နိုင်ငံရေးသွားရာလမ်းကြောင်းဟာမဖြောင့်မဖြူးဖြစ်ရတယ်လို့ထိ ကောက်ချက်ချမယ်ဆိုရင်တော့ PRစနစ်ကိုဖွဲ့စည်းပုံနဲ့မညီဘူးလို့မရိုးမသား​ဆုံးဖြတ်ချက်ပေးခဲ့တဲ့ယခင်ဖွဲ့စည်းပုံခုံရုံးကိုနိုင်ငံတော်ပုန်ကန်မှုနဲ့တရားစွဲသင့်တယ် ဒါပေမဲ့ နောက်ဆုံးပြောချင်တာကတော့ ၂၀၂၃ခုရွေးကောက်ပွဲဆိုတာဘယ်လိုမှဖြစ်လာမှါမဟုတ်ဘူး ရွေးကောက်ပွဲလုပ်ဖို့တည်ငြိမ်အေးချမ်းမှုအခြေအနေမရှိဘူးဆိုတဲ့ခေါင်းစဥ်တပ်ပြီး၂၀၀၈ကိုဖျက်ပြီးစစ်အုပ်ချုပ်ရေးနဲ့သွားမှာသေချာသလောက်ဖြစ်တယ်ဒိနောက်မှာတော့ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးဆိုပြီးတော့နှစ်ပေါင်းများစွာ…..ဆိုပါတော့

U Pe Than

Leave a comment