အာဆီယံရဲ့ စုပေါင်းနိုင်ငံခြားရေးမူ

အာဆီယံရဲ့ စုပေါင်းနိုင်ငံခြားရေးမူကို ဇယားချရင် realist သရုပ်မှန် စာရင်းထဲ ထည့်ရမှာဖြစ်တယ်။ အင်ဒိုနီးရှား ဖိလစ်ပိုင်တို့မှာ အရောင်တွေ သပ်သပ်ထပ်ရှိနိုင်ပေမဲ့ တဖွဲ့လုံးရဲ့ စုပေါင်းမူကတော့ ဒေသတွင်း တည်ငြိမ်‌ရေး ဦးစားပေးပြီး လက်တွေ့ကျကျ ချဥ်းကပ်ဖို့ပဲ။ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား အလှည့်ကျဥက္ကဌဖြစ်လာခြင်းဟာ အာဆီယံရဲ့ ဒီမူကို ပြောင်းလဲစေမှာမဟုတ်ဘူး။ အာဆီယံမှာ နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ကမ္ဘောဒီးယားနဲ့ ဟွန်ဆန်ဟာ အာဆီယံ ဝါနုသူ/နိုင်ငံရေးအရ အားနည်းသူဖြစ်တယ်။ သို့သော် ဒီအချက်တွေကြောင့်ပဲ သားမက်လောင်းကို အိမ်ထဲအတင်းခေါ်သွင်းတဲ့ ယောက္ခမရဲ့ လုပ်ရပ်မျိုးတွေ ဖြစ်မလာဘူး မပြောနိုင်။ အာဆီယံ စည်းလုံးမှုအပေါ် ခြိမ်းခြောက်စေမယ့် လုပ်ရပ်များဟာ ဟွန်ဆန် ကိုယ်တိုင်ထက် တရုတ်ဖက်မှ ဘယ်လောက်ထိ တွန်းတွန်းတိုက်တိုက် လုပ်လာမလဲ ဆိုတာနဲ့ ပိုသက်ဆိုင်လိမ့်မယ်။တရုတ်ဖက်မှကြည့်ရင် အာဆီယံဟာ ခြင်္သေ့ရှေ့မှောက်မှ ကျွဲတအုပ်ဖြစ်တယ်။ ဘေးရောက်နေတဲ့အကောင် အပြင်ထွက်နေတဲ့အကောင်ဟာ ဆွဲစားဖို့ အလွယ်ကူဆုံးဖြစ်မယ်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ multilateral မလုပ်ဘူး တနိုင်ငံချင်းစီနဲ့ bilateral ဆွေးနွေးမယ်လို့ တရုတ်ဖက်မှ တစိုက်မတ်မတ် ပြောခြင်းဟာ ဒီချဥ်းကပ်မှုရဲ့ သာဓကဖြစ်တယ်။ ဒီနေရာမှာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို (အနောက်တိုင်း) နိုင်ငံတကာဆက်ဆံရေး သီအိုရီများနဲ့ ချဥ်းကပ်မယ့်အစား တရုတ်ရိုးရာပုံစံ middle kingdom mentality သူ့ကိုယ်သူ စင်္ကြာဝဠာရဲ့ အလယ်ဗဟိုအဖြစ် ဘဝင်ကိုင်နေသူအဖြစ် ရှုမြင်ခြင်းအားဖြင့် သမ္မတရှီနဲ့ သူ့အစိုးရရဲ့ ခြေလှမ်းများကို ပိုပြီး ထင်ထင်ရှားရှား သဘောပေါက်စေမှာဖြစ်တယ်။ Belt and Road Initiative – BRI မှာ လမ်းကြောင်းအားလုံးရဲ့ ဗဟိုဟာ ဘေဂျင်းရွှေမြို့တော်ဖြစ်နေတာမျိုး၊ ဒီနှစ်ပိုင်းများအတွင်း ဘေဂျင်းရဲ့ သြဇီအစိုးရအပေါ် ဒဏ်ခတ်တဲ့လုပ်ရပ် စသဖြင့်တွေဟာ ခေတ်သစ် middle kingdom mentality ကို ဖော်ပြခြင်းပဲ။ Elephant in the room အခန်းထဲမှဆင်ကြီး အမေရိကန်ကတော့ အာဆီယံရဲ့ စုပေါင်းဆုံးဖြတ်တဲ့မူ multilateralism ကို ဆက်လက်ကျားကန်ပေးထားမှာဖြစ်တယ်။ သဘောတရား နောက်ခံအဖြစ် လစ်ဘရယ်ဝါဒနဲ့ တည်ဆောက်ရေး (liberalism + constructivism) ပေါင်းစပ်ချဥ်းကပ်ပုံစံဟာ လက်ရှိ အိမ်ဖြူတော် အင်ဒိုပစိဖိတ်အကြံပေး ကမ့်ဘဲလ် Kurt Campbell ရဲ့ မူဖြစ်ပြီး ကမ္ဘာအဝန်း ဘိုင်ဒန်အစိုးရရဲ့ နိုင်ငံခြားရေးမူ Biden doctrine အဖြစ်လည်း ပုံပေါ်လာနေတယ်။ တရုတ်ဟာ အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေခဲ့တာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီဖြစ်ပေမဲ့ ဒေသတွင်း အကြီးဆုံး ရင်းနှီးမြုပ်နှံသူကတော့ အမေရိကန်ဖြစ်နေခြင်း၊ အာဆီယံရဲ့ အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် ရပ်တည်လာနိုင်ခြင်းများဟာ အမေရိကန်ကို ဒေသတွင်း ချိန်ခွင်လျှာ ထိန်းညှိပေးမည့်သူအဖြစ် အခွင့်အရေး ဆက်လက်ရစေမှာဖြစ်တယ်။မြန်မာအတွက်ဆို ဖော်ပြခဲ့တဲ့ အားပြိုင်မှု ချဥ်းကပ်မှုများဟာ နွေဦးတော်လှန်ရေးကို အနည်းအနဲ့အများဆိုသလို သက်ရောက်စေမှာ အမှန်ပဲ။ စိုးရိမ်နေကြသလို အာဆီယံဥက္ကဌ ဟွန်ဆန်ဖက်မှ မူလအဆင့်ငါးဆင့် အဆိုပြုချက်ကို ဆန့်ကျင်ပြီး မအလနဲ့ ပလူးပလဲလုပ်ဖို့ ကြိုးစားလာရင် တရုတ်သဘောကျ ဖြစ်နိင်ပေမဲ့ အခြားအာဆီယံနိုင်ငံများ + အမေရိကန်ဖိအားက ဆန့်ကျင်ဖက် အလုပ်လုပ်မှာဖြစ်တယ်။ ပြီးတော့ ဟွန်ဆန်ရေးမယ့် ဒီဇာတ်လမ်းမှာ ထည့်တွက်ရမယ့် နိုင်ငံတခုလည်း ရှိသေးတယ်။ အာဆီယံ အဖွဲ့ဝင် ဗီယက်နမ်ဟာ ဟွန်ဆန်ရဲ့ ရည်းစားဦး သူ့ကိုနန်းတင်ပေးခဲ့တဲ့ ကျေးဇူးရှင် မြန်မာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူ အဆင့် ၇ ဖြစ်တယ်။ အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့ သြဂုတ်လ ဟနွိုင် ခရီးစဥ်ဟာ အတိုင်းအတာတခုထိ ဒီအိမ်စာကို လုပ်ခြင်းပဲ။ မည်သို့ပင်ဖြစ်စေ ဟွန်ဆန်ရဲ့ ချဥ်းကပ်မှုကြောင့် မြန်မာရဲ့ တည်ငြိမ်မှု ဒေသတွင်း တည်ငြိမ်မှုကို အားပေးတယ်ဆိုရင် အာဆီယံဟာ အမေရိကန်နဲ့ တရက်တလေ ဆိုင်ခွဲထိုင်ဖို့ ဝန်လေးမှာမဟုတ်ဘူး။ ဒါဟာ realist အာဆီယံရဲ့ မူပဲ။ ဒီအခင်းအကျင်းမှာ နျူဂျီအနေနဲ့ ဒေသခံ PDF တွေ EAO တွေနဲ့ တပ်ပေါင်းစု ထူထောင်နိုင်ခြင်းအားဖြင့် တဖက်မှာ မအလကို အထီးကျန်စေပြီး အခြားတဖက်မှာ နျူဂျီကို ဒေသတွင်းလုံခြုံရေး အာမခံနိုင်သူ security guarantor အဖြစ် ရပ်တည်လာနိုင်စေမှာဖြစ်တယ်။ ဒါဟာ တော်လှန်ရေး + အာဆီယံ ဘုံအကျိုးစီးပွားလည်းဖြစ်တယ်။

1.3KAung Saw Tun, Ko Khine Myo and 1.3K others5 Comments110 SharesLikeCommentShare

==========

Ky Htay Naing

2021 December 23

Leave a comment