UWSP/UWSA သို့မဟုတ် ဝ ဒေသ ဝ တပ်ဖွဲ့အပိုင်း ၁

#eaos_mms75

29/3/2021

UWSP/UWSA သို့မဟုတ် ဝ ဒေသ ဝ တပ်ဖွဲ့အပိုင်း ၁

ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ရှိပြီး တောင်တောင်ထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာမသက်ရောက်ခဲ့သည့်ဒေသဖြစ်သည်။လွတ်လပ်ရေးရပြီးကာလမှာလည်း ဝ ဒေသသို့ ပြည်မအစိုးရဩဇာအာဏာသက်ရောက်မှုမရှိခဲ့ပေ။ ၁၉၅၀ နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီးဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝ ဒေသတွင်ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမားပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင်ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ဦးစီးသည့် ပြောက်ကျားတပ်တို့မှာထင်ရှားသည်။၁၉၆၈ ခုနှစ် နှစ်တန်း ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့များ အရှေ့မြောက်နယ်စပ်သို့ဝင်ရောက်လာသည့်နောက်တွင် ဝ လယ်သမားပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမားပြောက်ကျားခေါင်းဆောင်များမှတဆင့် ဝ လူထုအားစည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝ တပ်ဖွဲ့ပေါ်ထွက်လာခဲ့ပြီး ဝ ဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဝ ခေါင်းဆောင် ကျောက်ညီလိုင် နှင့် ပေါက်ယိုချမ်းတို့ဦးစီးသည့်ဝ တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး နဝတ က ရှမ်းအထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့အနေနှင့်ရပ်တည်ခဲ့သည်မှာ ၃၂ နှစ်ရှိခဲ့ပြီဖြစ်ပြီး လယ်သမားပြောက်ကျားသူပုန်၊ ဗမာပြည်ပြည်ကွန်မြူနစ်ပါတီကာလများကထဲက တွက်လျင် ၅၅ နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။ခေါင်းဆောင်မှုUWSP သည် ဝ ဒေသ၏ အဓိကခေါင်းဆောင်မှုဖြစ်သည်။ UWSP အား အဓီကခေါင်းဆောင်သည် ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဖြစ်ပြိး လက်ရှိတွင် အဖွဲ့ဝင် ၈ ဦးရှိသည်။၁။ ဦးပေါက်ယိုချမ်း အထွေထွေ အတွင်းရေးမှူး၂။ ဦးရှောက်မင်လျံ။ ဒုအထွေထွေအတွင်းရေးမှူး၃။ ဦးကျောက်ကျုံးတန်း၄။ ဦးဝေရှောက်ကမ်း ခေါ် ဦးစိန်ဝင်း၅။ ဦးကျောက်ကော့အန်း၆။ ဦးပေါက်ယိုလျံ၇။ ဦးဝေရှောက်လျံ ခေါ် အိုက်လောင်း၈။ ဦးပေါက်ယိုရိ ဒုအထွေထွေအတွင်းရေးမှူးတို့ဖြစ်သည်။၎င်းအမြဲတမ်းကော်မတီအောက်တွင် ဗဟိုကော်မတီဝင် ၁၈ ဦး၊ အရံဗဟိုကော်မတီဝင် ၂၁ ဦးပါဝင်သည့် ဗဟိုကော်မတီရှိသည်။နိုင်ငံရေးဌာနဌာနကြီးမှူး ကျောက်အိုက်နပ်လိုင်ဒုဌာနကြီးမှူး ညီကျော်ဘဏ္ဏာရေးဌာနဌာနကြီးမှူး ပေါက်ယိုလျံဒုဌာနကြီးမှူး ပေါက်ကျင်ဖုန်းဒုဌာနကြီးမှူး. ပေါက်ဆမ်ဆွဲပြင်ပဆက်ဆံရေးဌာနဌာနကြီးမှူး ကျောက်ကော့အန်းဒုဌာနကြီးမှူး ပေါက်ဆမ်ခွန် UWSP အောက်တွင် ဝ ပြည်နယ်ပြည်သူ့အစိုးရနှင့် UWSA ကို ဖွဲ့စည်းထားရှိသည်။ဝ ပြည်နယ် ပြည်သူ့အစိုးရဥက္ကဌ ဦးပေါက်ယိုချမ်းဒုဥက္ကဌ ဦးရှောက်မင်လျံဒုဥက္ကဌ ဦးကျောက်ကော့အန်းဒုဥက္ကဌ ဦးပေါက်ယိုလျံပြည်သူ့အစိုးရအောက်တွင် အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေး၊ ရုပ်သံလွှင့်ဌာန၊ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်းဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဌာန၊ လျပ်စစ်ဌာန၊ တိုင်းရင်း သားနှင့်သာသနာရေးဌာန၊ သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စည်ပင်၊ ရဲဌာန စသည့် ဌာနများဖွင့်လှစ်ထားရှိပြီး အုပ်ချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်သည်။ ဌာနများကို ဌာနကြီးမှူးများက တာဝန်ယူသည်။ ဝ ဒေသ အုပ်ချူပ်ဖွဲ့စည်းမှုမူလ “ဝ” ဒေသ ပန်ဆန်း( ပန်ခမ်း) တွင် UWSP/UWSA ဌာနချုပ်ထားရှိသည်။ မူလ ဝ ဒေသအား ဝ နယ်မြောက်ပိုင်းဟုလည်းခေါ်ကြသည်။ ဝ မြောက်ပိုင်းအား ခရိုင် ၃ ခုနှင့် အထူးမြို့နယ် ၂ ခုဖြင့်ဖွဲ့စည်းထားရှိသည်။ ၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။၁။ မိုင်းမောခရိုင်၂။ မိုင်းလင်းခရိုင် (ဝိန်းကောင်)၃။ မိုင်းပေါက်ခရိုင်၄။ ပန်ခမ်း( ပန်ဆန်း) အထူးမြို့နယ်၅။ နမ့်တစ်အထူးမြို့နယ် တို့ဖြစ်သည်။မိုင်းမောခရိုင်သည် ဝ နယ်မြောက်ပိုင်းဖြစ်ပြီး မြို့ နယ် ၁၁ မြို့ နယ် ထည့်သွင်းဖွဲ့စည်းထားသည်။ မိုင်းမောခရိုင်တွင်းရှိ မြို့ နယ်များမှာ၁။မိုင်းမောမြို့နယ်၂။ ယင်းဖန်မြို့နယ်၃။ အိုက်ချင်မြို့ နယ်၄။ ဝမ်လင်မြို့ နယ်၅။ နောင်ငစ်(လုံထန်) မြို့နယ်၆။ တုံမားမြို့ နယ် ၇။ ပန်ဝိုင်မြို့နယ် ၈။ လင်ဟော်(မွေရိုက်) မြို့နယ်၉။ မန်တုံမြို့နယ်၁၀။ ကလုံပါမြို့နယ် ၁၁။ နာဝီးမြို့နယ် တို့ဖြစ်သည်။မိုင်းမောခရိုင်အတွင်း မြို့ နယ် ၁၁ မြို့နယ်၊ ကျေးရွာအုပ်စု ၉၈ အုပ်စု၊ ကျေးရွာပေါင်း ၇၄၀ လူဦးရေ ၂ သိန်း ၉သောင်းခန်းရှိပြီး လူဦးရေ၏၉၅% မှာ ဝ လူမျိုးများဖြစ်ကြသည်။ မိုင်းမောခရိုင် မြောက်ဖက် နှင့်အရှေ့ ဖက်တွင် တရုတ်ပြည်နှင့် နယ်နမိတ်ချင်းဆက်စပ်နေပြီး အနောက်ဖက်တွင် သံလွင်မြစ်နှင့် တပ်မတော်ထိမ်းချုပ်ထားသည့် ဟိုပန်၊ ပန်လုံ ဒေသရှိသည်။ မိုင်းလင်းခရိုင်သည် ဝိန်းကောင်၌ အခြေပြု၍ ဝ ဒေသ၏ အလယ်ပိုင်းဖြစ်သည်။ မြို့ နယ် ၅ မြို့ နယ်ပါဝင်ဖွဲ့စည်းထားသည်။၁။ နမ့်ခမ်းဦးမြို့နယ်၂။ နောင်ခေတ်မြို့နယ်၃။ မန်းရှန်မြို့နယ်၄။ နားကောင်မြို့ နယ်၅။ ပန်ယန်းမြို့နယ် တို့ဖြစ်ကြသည်။ မိုင်းလင်းခရိုင်ရုံးအား ဝိန်းကောင်တွင်အခြေစိုက်သည်။ မပြည့်စုံသေးသောစာရင်းအရ မိုင်းလင်းခရိုင်အတွင်း ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာ ၃၀၀ ခန့်ရှိပြီ လူဦးရေ ၉ သောင်းခန့်ရှိသည်။ မန်မန်းဆိုင်၏ အနောက်ဖက် သံလွင်မြစ်တလျောက်တွင် အစိုးရထိမ်းချုပ်ထားသည့် တန့်ယန့်မြို့ နယ်နှင့် ၎င်း၊ အနောက်မြောက်ဖက်တွင် မက်မန်းမြို့ နယ် မော်ဖါဒေသနှင့်၎င်း ဆက်စပ်နေသည်။ မိုင်းပေါက်ခရိုင်၁။ မိုင်းပေါက်မြို့နယ်၂။ ဟိုတောင်းမြို့နယ်၃။ မိုင်းဖျင်မြို့နယ်၄။ မိုင်းကာမြို့နယ်၅။ မိုင်းငင်းမြို့နယ်၆။ စီစစ်ဆဲမိုင်းပေါက်ခရိုင်သည် အထက်တွင်ဖေါ်ပြထားသကဲ့သို့ မြို့နယ် ၆ မြို့နယ် ထည့်သွင်း ဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာ ၃၇၃ ရွာ လူဦးရေ ၉ သောင်း ခန့်ရှိသည်။ အရှေ့ဖက်တွင် တရုတ်နယ်နမိတ်နှင့်ဆက်စပ်နေပြီး တောင်ဖက် တွင် တပ်မတော်ထိမ်းချုပ်ရာ မိုင်းယန်း၊ မိုင်းခတ်ဒေသနှင့် ဆက်စပ်နေ သည်။ ပန်းခမ်း ခေါ် ပန်ဆန်းမြို့ နယ်သည် တရုတ်နယ်စပ်တွင်ရှိပြီးUWSP/UWSA ဌာနချုပ်အခြေပြု ရာ မြို့ နယ်ဖြစ်၍ အထူးမြို့ နယ်အဖြစ် သတ်မှတ်ထားသည်။ လူဦးရေး တသောင်းကျော်ခန့်ရှိသည်။ နမ့်တစ် အထူးမြို့ နယ်မှာ မိုင်းမောခရိုင် အနောက်ဖက် တရုတ်နယ်စပ်နှင့် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ နှင့်ဆက်စပ်နေသည်။ စီးပွါးရေးအထူးမြို့ နယ်အဖြစ်သတ်မှတ်ထားပြီး လူဦးရေ တသောင်းကျော်ခန့် နေထိုင်ကြသည်။ သို့ဖြစ်ရာ “ဝ” အထူးဒေသ၂ အတွင်း၌ ခရိုင် ၃ ခု အထူးမြို့ နယ် ၂ ခုနှင့် လူဦးရေ ၅ သိန်းခန့်ရှိသည်ကို တွေ့ရသည်။ အဆိုပါ ဝ အထူးဒေသ ၂ သည် ၂၀၀၈ အခြေခံဥပဒေအရ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖွဲ့စည်းထားသည်။ ၎င်း ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းထားရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ခရိုင် ၂ ခုပါဝင်သည်။၁။ ဟိုပန်ခရိုင်၂။ မက်မန်းခရိုင်တို့ဖြစ်သည်။ဟိုပန်ခရိုင်အတွင်း၌၁။ ဟိုပန်မြို့ နယ်၂။ မိုင်းမောမြို့ နယ် ၃။ ပန်ဝိုင်မြို့ နယ်၄။ နမ့်တစ်မြို့ နယ်ခွဲ၅။ ပန်လုံမြို့ နယ်ခွဲတို့ပါဝင်သည်။ မက်မန်းခရိုင်အတွင်း၌၁။ မက်မန်းမြို့ နယ်၂။ နားဖန်မြို့ နယ်၃။ ပန်ဆန်းမြို့ နယ်၄။ မန်ကန်မြို့ နယ်ခွဲတို့ပါဝင်သည်။လက်တွေ့တွင် ဟိုပန်ခရိုင်အတွင်းရှိ ဟိုပန်မြို့နယ်၊ ပန်လုံမြို့နယ်ခွဲ၊မက်မန်းခရိုင်အတွင်းရှိ မက်မန်းမြို့ နယ်နှင့် မန်ကန်မြို့ နယ်ခွဲတို့သာ အစိုးရနှင့်တပ်မတော် ထိမ်းချုပ်မှု အောက်တွင်ရှိသည်။ ဝ ဒေသ ဧရိယာအရ၎င်း၊လူဦးရေအရ၎င်း ၁၀% ခန့်သာ အစိုးရနှင့် တပ်မတော်ထိမ်းချုပ်မှု အောက်တွင်ရှိသည်ကို တွေ့ရသည်။ ကျန်အများစုကြီးမှာ UWSP/UWSA ထိမ်းချုပ်ရာ “ဝ” အထူးဒေသ ၂ အတွင်းတွင် ရှိသည်ကို တွေ့ရသည်။ ဝ မြောက်ဟုလည်းဆိုကြသည့် UWSP/UWSAထိမ်းချုပ်ရာဒေသသည် အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၁၇၀၀၀ ၊ စတုရန်းမိုင် အားဖြင့် ၆၅၆၃.၉၅ မိုင်ရှိသည်။ ၁၅၅၈၀၁.၃၀ စတုရန်းကီလိုမီတာကျယ်ဝန်းသော ရှမ်းပြည်နယ်၏ ၁၁% ခန့်ရှိသည်။ ထိုင်းနယ်စပ်ရှိ ဝ ဒေသUWSP/UWSAထိမ်းချုပ်ရာ နောက် ဝ ဒေသတခုမှာ ဝ တောင်ဟုခေါ်သည့် ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်တွင်းရှိဒေသဖြစ်သည်။ ပန်ဆန်း ဗဟိုပြု ဝဒေသနှင့် တဆက်စပ်ထဲမရှိပါ၊ ထိုဒေသနှစ်ခုကြားတွင် အစိုးရတပ်များထိမ်းချုပ်သည့် ကျိုင်းတုံ၊ တာချီလိတ်ဒေသကြီး ခြားထားသည်။ ထိုဒေသတွင် UWSA တပ်အချို့ လှုပ်ရှားမှုရှိသော်လည်း ၁၉၉၀ ခုနှစ်မှ ၁၉၉၆ ကြားတွင် ခွန်ဆာ MTA တပ်များအား UWSA တပ်များဝင်ရောက်တိုက်ခိုက်အခြေပြုရန် နဝတ အစိုးရက ခွင့်ပြုခဲ့ပြီးနောက် UWSA တပ်များအလုံးအရင်းနှင့်ဝင်ရောက်ခဲ့သည်။ ထို့နောက် နဝတ အစိုးရ၏သဘောတူညီချက်ဖြင့် ဝ အရပ်သား တသိန်းနီးပါးခန့်အား ပြောင်းရွှေအခြေ ချခွင့်ပြုခဲ့ရာ ဝ လူထု ၈၀၀၀၀ ကျော် ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြသည်။ သို့ဖြစ်ရာ ယခုအချိန်တွင် မိုင်းဆတ်ခရိုင်အတွင်း မိုင်းဆတ်မြို့၏ အရှေ့ဖက်၊ တောင်ဖက်၊ အနောက်ဖက်ရှိ ထိုင်းနယ်စပ်တလျောက်တွင် ဝ လူမျိုးများအခြေချ နေထိုင်ပြီး UWSP/UWSA ၏ အုပ်ချုပ်မှုအောက်တွင်ရှိပါသည်။ ထိုဒေသအား UWSA က ၁၇၁ စစ်ဒေသဟုသတ်မှတ်ပြီး စစ်ဒေသအတွင်း ဒေသန္တရအုပ်ချုပ်ရေးဌာနဖွဲ့စည်းထားပြီး အုပ်ချုပ်ရေးဌာနအောက်တွင် မြို့နယ် ၇ ခုအားအောက်ပါအတိုင်းဖွဲ့စည်းထားသည်။ အုပ်ချုပ်ရေးဌာနမှူးအဖြစ်ဦးအာတီက တာဝန်ယူသည်။၁။ မိုင်းကန်မြို့နယ်၂။ မိုင်းယွန်းမြို့နယ်၃။ ဟွေအောမြို့နယ်၄။ ဝမ်ဟုန်မြို့နယ်၅။ မိုင်းကျွတ်မြို့နယ်၆။ ခိုင်လုံမြို့နယ် တို့ဖြစ်သည်။- မိုင်းကန်မြို့နယ်ဟုဖွဲ့စည်းထားသောနယ်မြေမှာ တာချီလိတ်/လွယ်တော်ခမ်းနှင့် မိုင်းတွမ်းကြားရှိ နားယောင်း ခေါ် ယောင်ခ နယ်မြေဖြစ်သည်။ ယောင်ခတွင် အိမ်ခြေ ၂၀၀၀ ရှိ မြို့တည်ထားသည်။- မိုင်းယွန်းမြို့နယ်ဟုဖွဲ့စည်းထားသော နယ်မြေမှာ မိုင်းဆတ်၏အရှေ့မြောက်၊ လွယ်လန်း၏မြောက်ဖက်တွင်ရှိပြီး မိုင်းယွန်းတွင် အိမ်ခြေ ၂၀၀၀ ခန့်ရှိ မြို့တည်ထားသည်။- ဝမ်ဟုန်မြို့နယ်မှာ မိုင်းဆတ်အရှေ့ဖက်၊လွယ်လန်း၏အနောက်ဖက်တွင်ရှိသည်။-မိုင်းကျွတ်မြို့နယ်မှာ မိုင်းတုံ၊ နားကောင်းမူး၊ ပုံပါကျင် လမ်း၏ တောင်ဖက်တွင်ရှိပြီး အိမ်ခြေ၁၀၀၀ ခန့်ရှိ မြို့တည်ထားသည်။- ခိုင်လုံမြို့နယ်မှာ မုံးထ၏အနောက်ဖက်၊ လွယ်တိုင်းလျံ( RCSS ဌာနချုပ်) ၏အရှေ့ဖက်တွင်ရှိသည်။ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့်မြို့တည်ထားသည်။UWSA ၁၇၁ နယ်‌မြေရှိ မြို့နယ် ၆ မြို့နယ်မှာ ဝ မြောက် ပန်ဆန်းဒေသကဲ့သို့ သီးခြားတည်ရှိနေခြင်းမရှိဘဲ အစိုးရ ထိမ်းချုပ်နယ်များနှင့် ရောယှက်နေသည်။ အစိုးရ ဖွဲ့စည်းပုံအရမိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်ပါဝင်သည်။ ထိုနယ်မြေ၏ ထူးခြားချက်မှာ ထိုနယ်မြေအတွင်း UWSA တပ်များသည် အစိုးရတပ်များ၊ နယ်ခြားစောင့်တပ်များအပြင် RCSS/SSA တပ်များနှင့် ရောထွေး၍ နီးနီးကပ်ကပ်ရှိနေသည်။- ဆက်လက်ဖေါ်ပြပါမည်မောင်မောင်စိုး

Leave a comment