UWSP/UWSA သို့မဟုတ် ဝ ဒေသ ဝ တပ်ဖွဲ့အပိုင်း ၂

#eaos_mms75

30/3/2021

UWSP/UWSA သို့မဟုတ် ဝ ဒေသ ဝ တပ်ဖွဲ့အပိုင်း ၂

UWSA တပ်ဖွဲ့UWSA တပ်ဖွဲ့၏ အဓိကခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။တပ်မှူးကြီး ပေါက်ယိုချမ်းဒုတပ်မှူးကြီး/စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းဒုစစ်ဦးစီးချုပ်. အိုက်ရုန်းဒုစစ်ဦးစီးချုပ် လိလောက်အေးဒုစစ်ဦးစီးချုပ် ပေါက်ဆမ်ရိုင်းဒုစစ်ဦးစီးချုပ် ဝမ်ခဲ့ချန်ဒုစစ်ဦးစီးချုပ် လီကော့ဖင်UWSA စစ်ဌာနချုပ်အား ပန်ဆန်း(ပန်ခမ်း) တွင်အခြေပြုသည်။ စစ်ဌာနချုပ်တွင် ဗဟိုကင်းတပ်မဟာ၊ လက်နက်ကြီးတပ်ဖွဲ့၊ လေယာဉ်ပစ်ဒုံးကျည်တပ်ဖွဲ့၊ ဒုံးကျည်များတပ်ဆင်ထားသောဒရုံးတပ်ဖွဲ့၊သံချပ်ကာတပ်ဖွဲ့၊ လက်ဖြောင့်တပ်ဖွဲ့၊ အထူတပ်ဖွဲ့(ကွန်မန်ဒို)များဖွဲ့စည်းထားရှိသည်။ UWSA တပ်ဖွဲ့များတွင် တပ်ဆင်ထားသော အခြေခံ‌ချေမှုန်းရေးရိုင်ဖယ်များမှာ ပုံစံသစ်များပြောင်းလဲတပ်ဆင်ထားသည်။အကူပစ်လက်နက်ကြီးတပ်ဖွဲ့တွင် ယခင်ကတပ်ဆင်ထားနိုင်ခဲ့သည့် ၈၂မမ၊ ၁၂၀ မမ မော်တာ၊ ၅၇မမ ၊ ၇၅ မမမော်တာအပြင် ၁၀၅မမ၊ ၁၂၂ မမ ဟော်ဝစ်ဇာအ‌မြောက်များပါ တပ်ဆင်ထားသည်ကို ခိုင်လုံသောသတင်းများအရ၎င်း၊ လက်တွေ့လေ့ကျင့်ပစ်ခတ်လေ့ကျင့်နေသည့်ဗီဒီယိုမှတ်တမ်းများအရ၎င်း သိရသည်။ လေယာဉ်ပစ်ဒုံးနှင့် ပတ်သက်၍ UWSA ထူထောင်သည့် အနှစ် ၃၀ ပြည့်ပွဲတွင် FN 6/FN 7 အမျိုးအစားဟု ယူဆရသော လေယာဉ်ပစ်ဒုံးကျည်များ ထုတ်ပြသွားသည်သည်ကိုတွေ့ရသည်။ သို့ဖြစ်ရာ လေယာဉ်ပစ်ဒုံးကျည်များ ဝယ်ယူရရှိထားပြီး လေယာဉ်ပစ်ဒုံးကျည်တပ်ဖွဲ့အား လေ့ကျင့်ဖွဲ့စည်းထားရှိပြီဟု သုံးသပ်ရပါသည်။ ထို့ပြင် UWSA နှစ် ၃၀ ပြည့်ပွဲတွင် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များတပ်ဆင်ထားသည့် ဒရုံးလေယဉ်ငယ်များ ထုတ်ပြသွားသည်ကိုတွေ့ရပေရာ ဒရုံးတပ်ဖွဲ့လည်းဖွဲ့စည်းထားရှိပြီဟုသုံးသပ်ရသည်။ နယ်စပ်ဒေသသတင်းများအရ နှစ် ၃၀ ပြည့်ပွဲတွင် ထုတ်ပြသည့် ဒရုံးများထက်ကြီးသည့် ဒရုံးလေယဉ်များလည်း ဝယ်ယူထားရှိသည်ဟုဆိုသည်။ ပန်ဆန်းမြောက်ဖက်တွင် လေယဉ်ကွင်းငယ်များ တည်ဆောက်ထားသည်ဟုဆိုပါသည်။ တရုတ် သို့မဟုတ် လာအိုမှထုတ်လုပ်သည်ဟု ယူတရသည့် သံချပ်ကားများအား UWSA ၏ စစ်ရေးလှုပ်ရှားများတွင်‌တွေ့ရှိရသည်။ လက်ဖြောင့်တပ်သားသုံး မှန်ပြောင်းတပ်သေနတ်များအား တပ်ဆင်ထားသည်ကို တွေ့ရသည်။ အသေးစိတ်အားဖြင့် ဖွဲ့စည်းပုံအတိအကျအား မသိနိုင်သော်လည်း UWSA ဌာနချုပ်တွင် ဗဟိုကင်းတပ်မဟာ၊ လက်နက်ကြီးတပ်ဖွဲ့၊ လေယဉ်ပစ်ဒုံးကျည်တပ်ဖွဲ့၊ ဒရုံးတပ်ဖွဲ့၊ သံချပ်ကာယဉ်တပ်ဖွဲ့၊ လက်ဖြောင့်တပ်ဖွဲ့၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့များ ဖွဲ့စည်းထားရှိသည်ကို လေ့လာတွေ့ရှိရသည်။ ထို့ပြင် ပန်ဆန်း စစ်ဌာနချုပ်မှ တိုက်ရိုက်အုပ်ချုပ်သည် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး ၂၀၁၉/၂၀ မှစ၍ ၃/၄ နှစ် ဗိုလ်သင်တန်းကျောင်းအား ပန်ဆန်းမြောက်ဖက်တွင် ဖွင့်လှစ်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းအား ဒုတပ်မှူးကြီး ကျောက်ကျုံးတန်းမှ တိုက်ရိုက်အုပ်ချုပ်သည်ဟုဆိုပါသည်။ ထို့ပြင် UWSA အနေနှင့် လက်နက်ခဲယမ်းထုတ်လုပ်သည် စက်ရုံများ ပိုင်ဆိုင်ထားသည်ဟု နယ်စပ်ဒေသရှိအကဲခတ်များက ဆိုပါသည်။ ပန်ဆန်း ဗဟိုပြု ဝ ဒေသ တပ်ဖြန့်ခွဲမှု နယ်မြေအား ထိမ်းသိမ်း၍ ခံစစ်ပြုထားရန် တပ်မဟာ ၄ ခုဖွဲ့စည်း၍ ဖြန့်ခွဲထားရှိသည်။ ၁။ တပ်မဟာ ၃၁၈ မိုင်းမောခရိုင် မိုင်းမောတွင်အခြေပြု ဖြန့်ခွဲပြီး ကွန်လုံ၊ဟိုပန်၊ပန်လုံဒေသအား ထိမ်းချုပ်ထားသည့် တပ်မတော်တပ်ဖွဲ့များနှင့် ရင်ဆိုင်ထားသည်။၂။ တပ်မဟာ ၆၁၈ မိုင်းလင်းခရိုင် နောင်ခေတ်တွင်အခြေပြု ၍ မန်မန်းဆိုင်ဒေသတွင် ဖြန့်ခွဲထားပြီး တန့်ယန်း၊ မန်ကန်မြို့နယ်ခွဲအား ထိမ်းချုပ်ထားသည့် တပ်မတော်တပ်ဖွဲ့များအား ရင်ဆိုင်ထားသည်။၃။ တပ်မဟာ ၄၁၈ ပန်ခမ်း( ပန်ဆန်း )တွင်အခြေပြု၍ တပ်အချို့သည် ပန်ယန်းဒေသတွင်ဖြန့်ခွဲပြီး မက်မန်း-မော်ဖါဒေသအား ထိမ်းချုပ်ထားသည့် တပ်မတော်တပ်ဖွဲ့များအားရင်ဆိုင်ထားသကဲ့သို့ UWSA ဌာနချုပ်၏ အရန် တပ်မဟာလည်းဖြစ်သည်။၄။ တပ်မဟာ ၄၆၈ သည် မိုင်းပေါက်ခရိုင် မိုင်းပေါက်တွင် အခြေပြု ဖြန့်ခွဲ့ထားရှိပြီး မိုင်းခတ်၊ မိုင်းယန်းဒေသအား ထိမ်းချုပ်ထားသည့် တပ်မတော်တပ်ဖွဲ့များအား ရင်ဆိုင်ထားသည်။ တပ်မဟာ ၄၆၈ မှ တပ်ရင်းအချို့သည် မိုင်းလားဒေသတွင်းရှိ တပ်နှင့်ရင်ဆိုင်ထားသည့် တောင်ကြောများတွင် နေရာယူ ခံစစ်ပြင်ထားပါသည်။အဆိုပါ တပ်မဟာ ၄ ခုတွင် အမြောက်တပ်ရင်းများ ထည့်သွင်းဖွဲ့စည်းထားပြီး သံချပ်ကာကားများ တပ်ဆင်ပေးထားသည်။ တပ်မဟာ ၁ ခုလျင် တပ်ရင်း ၁၀ ရင်းမှ ၁၂ ရင်းခန့်ထိ ပါဝင်ပြီး အင်အား ၃၀၀၀ မှ ၄၀၀၀ခန့်အထိ ရှိသည်။ UWSA ၏ အရံတပ်ဖွဲ့အဖြစ် ပြည်သူ့စစ်တပ်မဟာ ၂ ခုဖွဲ့စည်းထားရှိသည်။ ပြည်သူ့စစ်တပ်မဟာတခုအား မိုင်းမောတွင် ဗဟိုပြု၍၎င်း၊ တပ်မဟာတခုအား မိုင်းပေါက်တွင် အခြေပြု၍၎င်း ဖွဲ့စည်းထားရှိသည်။ ပြညါသူ့စစ်များ စုဖွဲ့လေ့ကျင့်မှုအား တနှစ်လျင် နှစ်ကြိမ်ခန့်ပြုလုပ်သည်။ ဝ ဒေသတွင် အနည်းဆုံး ၂, နှစ် စစ်မှုထမ်းဥပဒေအား ကျင့်သုံးသည်ဖြစ်ရာ ပြည်သူ့စစ်များအားလုံးလိုလို စစ်မှုထမ်းဘူးသည်ဖြစ်ရာ လေ့ကျင့်စုဖွဲ့ရသည်မှာ မခက်ခဲပေ။ ၁၇၁ စစ်ဒေသ ၁၇၁ စစ်ဒေသ သည် ပန်ဆန်းအခြေပြု UWSA ဗဟိုစသ်ဦးစီးအဖွဲ့၏ကွပ်ကဲမှုအောက်တွင်ရှိသည်။၁၇၁ စစ်‌ဒေသ ခေါင်းဆောင်မှုနိုင်ငံရေးမှူး ပေါက်ယိုရိတပ်မှူး ဝေရှောက်ကမ်း ခေါ် ဦးစိန်ဝင်းဒုနိုင်ငံရေးမှူး ဝေရှောက်လျံ ခေါ် အိုက်လောင်းဒုတပ်မှူး ကျလောပူစစ်ဦးစီးမှူး. အိုက်မား တို့ဖြစ်သည်။၁၇၁ စစ်ဒေသအား စစ်နယ်မြေ ၃ ခုခွဲထားပြီး စစ်နယ်မြေမှူးများက ကွပ်ကဲသည်။၁။ အမှတ် ၁ စစ်နယ်မြေ -မိုင်းကျွတ်၊ ခိုင်လုံ၊ မုန်းထ။ ( မိုင်းဆတ် တောင်ဖက်)၂။ အမှတ် ၂ စစ်နယ်မြေ – ဟွေအော၊ ဟိုပန် ဟိုရွက်၊ လွယ်လန်း။( မိုင်းဆတ်အရှေ့ဖက်)၃။ အမှတ် ၃ စစ်နယ်မြေ- ဝမ်ဟုန်၊ ယောင်ခ၊ မိုင်းယွန်း။ ( မိုင်းဆတ် မြောက်၊ အရှေ့မြောက်)၁၇၁ စစ်ဒေသတွင် တပ်မဟာ ၅ ခု ဖွဲ့စည်းထားသည်။၁။ အမှတ် ၁ စစ်နယ်မြေ- တပ်မဟာ ၇၇၂ ( မိုင်းကျွတ်)၊ တပ်မဟာ ၇၇၈ ( ခိုင်လုံ)၂။ အမှတ် ၂ စစ်နယ်မြေ- တပ်မဟာ ၇၇၅ (ဟွေအော)၊ တပ်မဟာ ၂၄၈( ဝမ်ဟုန်၊ဟိုပန်ဟိုရွက်)၃။ အမှတ် ၃ စစ်နယ်မြေ- တပ်မဟာ ၅၁၈( မိုင်းယွန်း) တို့ဖြစ်သည်။ ၁၇၁ စစ်ဒေသလက်အောက်ခံ တပ်မဟာ တခုလျင် တပ်ရင်း ၆ ရင်းဖြင့်ဖွဲ့စည်းသည်။ တပ်မဟာများတွင် လက်နက်ကြီးတပ်ခွဲများထည့်သွင်းဖွဲ့စည်းသည်။ ၁၇၁ စစ်ဒေသဌာနချုပ်တွင် ကင်းတပ်နှင့် အမြောက်တပ်ဖွဲ့စည်းထားရှိသည်။ ၁၇၁ စစ်ဒေသ နယ်မြေတွင် ပြည်သူစစ်တပ်ရင်း ၂ ရင်း ဖွဲ့စည်းထားရှိသည်။အင်အားUWSA ၏ စုစုပေါင်းအင်အားသည် ၂၅၀၀၀ မှ ၃၀၀၀၀ ကြားတွင်ရှိမည်ဟု တွက်ဆရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲတွင် အင်အားအများဆုံး ၊ လက်နက်ခဲယမ်းအတောင့်တင်းဆုံး၊ လုံးဝထိမ်းချုပ်ထားနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်နိုင်သည့် ဒေသနှင့်လူထုအများဆုံးအဖွဲ့ဖြစ်သည်။ UWSA သည် နအဖ အစိုးရနှင့်တင်းမာသည့် ၂၀၀၉/၂၀၁၀ ကာလက အမေရိကန် ၃ ဘီလီယံတန်ဖိုးခန့်ရှိ ခေတ်မှီလက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းခဲ့သည်ဟု နယ်စပ်ဒေသသတင်းများက ဆိုပါသည်။ ဤသို့ဝယ်ယူနိုင်အောင်လည်း ဘဏ္ဏာရေးတောင့်တင်းသည်။ဘဏ္ဏာရေးလက်ရှိတွင် UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် ဘဏ္ဏာရေးအတောင့်တင်းဆုံးဖြစ်သည်။ လက်ရှိ UWSA ထိမ်းချုပ်ရာ ဝ ဒေသတွင် အဓိကထွက်ရှိသည့်သတ္တုမှာ ခဲမဖြူဖြစ်သည်။ နှစ်စဉ် ခဲမဖြူတန်ချိန် တသိန်းကျော်ထွက်ရှိနေပြီး ပန်ဆန်း- မုန်းလင် နယ်စပ်ကုန်သွယ်ရေးပမာဏမှာ နှစ်စဉ် ဒေါ်လာသန်းတထောင်ကျော်ရှိသည်။ အစိုးရနှင့်ဆက်ဆံရေး၁၉၈၉ ခုနှစ် နဝတ အစိုးရနှင့် ငြိမ်းချမ်းယူပြီးသည်မှစ၍ ယနေ့ထိ ၃၂ နှစ်အတွင်း အစိုးရနှင့်တိုက်ပွဲဖြစ်ပွါးခြင်းမရှိပါ။ အနှစ် ၂၀ ခန့် အစိုးရနှင့်ဆင်ဆံရေးကောင်းမွန်ခဲ့သည်။ ၂၀၀၉ ခုနှစ် မအဖ အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့ရန်ဖိအားပေးသည့်အချိန်တွင် လက်မခံခဲ့ဘဲ စစ်ရေးအရ တင်းမာမှုများ ဖြစ်ခဲ့ပြီး စစ်ရေးပြင်ဆင်မှုများဖြစ်ခဲ့သည်ကိုတွေ့ရသည်။ ၂၀၁၁ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ပြန်လည် ရေးထိုးခဲ့ပြီး အတန်ငယ်တည်ငြိမ်ခဲ့သည်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရန်ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း အစိုးရ/တပ်နှင့်ဆက်ဆံရေး အဖုအထစ်ဖြစ်ခဲ့ပြီး ယခင်ကကဲ့သို့ ကောင်းမွန်ခြင်းမရှိတော့ဟုဆိုနိုင်သည်။ ယနေ့တိုင်လည်း NCA လက်မှတ်ရေးထိုးထားခြင်းမရှိပါ။တပ်ပေါင်းစုUWSA သည် ၎င်း၏အင်အားနှင့် နှစ်ကာလများစွာ သီးခြားရပ်တည်ခဲ့သည်။ ယခင်ကာလများကထဲက ဆက်ဆံရေးကောင်းမွန်ခဲ့သည့် NDAA( မိုင်းလား)၊ SSPP/SSA တို့နှင့်ရင်းနှီးသော ညီနောင်ဆက်ဆံရေးရှိသော်လည်း တပ်ပေါင်းစုမဟာမိတ်ဖွဲ့စည်းခဲ့ခြင်းမရှိပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဖိအားများလာသည့်နောက်ပိုင်း UWSP သည် KIO/NDAA/SSPP/TNLA/MNDAA/AA တို့နှင့်ပူးပေါင်း၍ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ကို ၂၀၁၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ယနေ့တိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဦးဆောင်လျက်ရှိသည်။ သို့သော် ယခုနောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ နိုင်ငံရေးလှုပ်ရှားမှု အားနည်းသည်ဟုဆိုရမည်။တရုတ်နှင့်ဆက်ဆံရေးဝ ဒေသသည် တရုတ်နှင့် နယ်နမိတ် မိုင်ပေါင်းများစွာဆက်စပ်နေသည့်အပြင် ဝ ဒေသနှင့်ကပ်ရက် တရုတ်ပြည်အတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တခုရှိရာ ကူးလူးဆက်ဆံမှုသည်လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲကရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီကာ ၁၉၆၈ မှ ၁၉၈၉ အထိ ‌မြန်မာအစိုးရနှင့် ပြင်းထန်စွာစစ်ဖြစ်နေရာ ဒေသခံလူထုသည် တရုတ်သို့ကူးလူးဆက်ဆံ ရောင်းဝယ်မှုပြုခဲ့ကြသည်။ ယနေ့ကာလတွင်လည်း နယ်စပ်ကုန်သွယ်ရေးအနေနှင့် တရုတ်ပြည်နှင့်သာ ဆက်ဆံရောင်းဝယ်နေသည်။ ၂၀၁၅ မှစ၍ မြန်မာအစိုးရက ပြည်မမှ ဝ ဒေသသို့ ရိက္ခာ ဆန်နှင့် လောင်စာဆီ သယ်ယူခွင့်ပိတ်ပင်ထားရာ ဝ ဒေသသည်ဒေသတွင်းလိုအပ်သည် ရိက္ခာဆန်နှင့်လောင်စာဆီအတွက် တရုတ်ကို ပိုမှီခိုခဲ့ရသည်။ ဤသို့ကူးလူးဆက်ဆံမှု များသည်နှင့်အညီ ဝဒေသ၏ ဒုတိယဘာသာစကားသည် တရုတ်စကားဖြစ်လာသည်။ ထို့ပြင်၁၉၉၆ နောက် မြန်မာကျပ်ငွေ များစွာဖေါင်းပွပြီးနောက် ဝ ဒေသ၌တည်ငြိမ်သည့် တရုတ်ငွေကြေးကို ပြောင်းလဲသုံးစွဲကြရာ ဝ ဒေသတွင်း သုံးစွဲသည့်ငွေကြေးသည် တရုတ်ငွေဖြစ်နေသည်။ သို့ဖြစ်ရာ ဝ တို့၏ စဉ်းစားလုပ်ကိုင်မှုများသည် တရုတ်တို့နှင့်ဆက်ဆံရေးကောင်းမွန်ရေးအခြေခံပေါ်စဉ်းစားလုပ်ကိုင်လေ့ရှိပြီး တရုတ်စကား၊ တရုတ်ငွေကြေးသုံးစွဲကြသည်ဖြစ်ရာ ဝ တို့သည် တရုတ်ဩဇာခံများဖြစ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ ဝ တို့ကလည်း ၎င်းတို့သည် အမှီခိုကင်းကင်းရပ်တည်သူများဖြစ်သည်ဟု ပြန်လည်ပြသလေ့ရှိကြသည်။ မည်သို့ဖြစ်စေ ဝ ဒေသ ရပ်တည်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးကိစ္စများအပြင် လိုအပ်သည် ရိက္ခာ ဆန်၊ လောင်စာဆီတို့အတွက် ဝ ဒေသအဖို့ တရုတ်နှင့်ကင်းရန်မဖြစ်နိုင်ပေ။UWSA သည် တရုတ်မှအပ ကျန်နိုင်ငံများနှင့်ဆက်ဆံရေးမရှိသလောက်အားနည်းသည်ဆိုနိုင်သော်လည်း ဝဒေသအတွင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကဲ့သို့ အဖွဲ့အစည်းများကို ရပ်တည်လှုပ်ရှားခွင့်ပေးထားသည်။ နိုင်ငံရေး/စစ်ရေးUWSP/UWSA ၏ နိုင်ငံရေးရည်မှန်းချက်မှာ ဝ ပြည်နယ်ဖြစ်သည်။ အစိုးရကအသိမှတ်မပြုသော်လည်း ဝ ပြည်နယ် ပြည်သူ့အစိုးရဟု သုံးနှုံးသည်ကို တွေ့ရသည်။ UWSA အနေနှင့် ဝ ဒေသအများစုအား ထိမ်းချုပ်ထားနိုင်သော်လည်း ဝ ဒေသတစိတ်တပိုင်းမှာ အစိုးရ၏ ထိမ်းချုပ်မှုအောက်တွင် ရှိသည်။ နိုင်ငံရေးသုံးသပ်သူများက UWSA ၏ ပြည်နယ်တောင်းဆိုမှုသည်ဖက်ဒရယ်တောင်းဆိုမှုထက် ကွန်ဖက်ဒရိတ်ဆန်သည်ဟု ဆိုသည်။ လက်ရှိတွင် UWSA သည် သူ့တပ်၊ သူ့ဒေသကို လွတ်လပ်စွာ အုပ်ချုပ်နေသည်။UWSA သည် ၁၉၈၉ ခုနှစ် နဝတနှင့် ငြိမ်းချမ်းရေးယူကထဲက ယခုချိန်ထိ အစိုးရနှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိပါ။ ဤသည်မှာ UWSA သည် နဝတ ၏ သဘောတူညီချက်အရ ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်တွင်း နယ်မြေတိုးချဲ့ခဲ့သည်မှအပ ကျန်နေရာများတွင် နယ်မြေချဲ့ထွင်လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူ့ဒေသကာကွယ်ရေးသာ အလေးထားခဲ့သည်။ ၂၀၀၉/၂၀၁၀ နောက်ပိုင်းမှစ၍UWSA အနေနှင့် အစိုးရ/တပ်မတော်နှင့်တင်းမာမှုရှိပြီး စစ်ပြင်ဆင်ခြင်း၊ နိုင်ငံရေးအရတပ်ပေါင်းစုဖွဲ့ခြင်းများရှိသော်လည်း စစ်ရေးအရ ၎င်းတို့ဒေသကာကွယ်ရေးကိုသာ ဇောင်းပေးလုပ်ဆောင်ခဲ့သည်။ ဝ ဒေသတွင်း ဝင်ရောက်လာပါက ပြင်းပြင်းထန်ထန် ခုခံရန်ပြင်ဆင်ထားသော်လည်း ၎င်းတို့ဒေသအပြင်ထွက်တိုက်ခိုက်မှုမျိုး ယခုချိန်ထိ လုပ်ဆောင်ခြင်းမရှိသေးပါ။UWSP/UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးပြီးချင်း နဝတ နှင့် ငြိမ်းချမ်းရေးယူခဲ့ရာ UWSP/UWSA အား မတရားသင်းကြေညာမှု မတွေ့ရှိရပါ။ပြီးပါပြီမောင်မောင်စိုးမှတ်ပုံ။ ။ ဖေါ်ပြပါ မြေပုံသည် ပုံကြမ်းမျှသာဖြစ်ပါသည်။ ယေဘူယျသာညွှန်းဆိုနိုင်ပါသည်။

Leave a comment