ယူအက်စ်ရဲ့အောက်လွှတ်တော်နဲ့အထက်လွှတ်တော်မှာ the Burma Act of 2021 အရှည်ကောက်ဆိုရင်တော့ Burma Unified through Rigorous Military Accountability Act of 2021 ကိုတင်တယ်။ အောက်လွှတ်တော်မှာတော့ ဒီမိုကရက် နဲ့ရီပတ်ဘလစ်ကန်နှစ်ပါတီပေါင်း (Bi-partisan) ပေါ့။ ဆီးနိတ်ကတော့ ဒီမိုကရက်ဆီနိတ်တာ Cardin ပေါ့။ ဆီးနိတ် မှာတော့ Bi-partisan မဟုတ်သေးဘူး။ ရီပတ်ဘလစ်ကန်ရဲ့ သက်တော်ရှည် ဆီနိတ်တာကြီး မစ်မက်ကောနဲလ်ရှိပေမယ့် ဆီနိတ်မှာ Bi-partisan မဖြစ်တာကထူးဆန်းတယ်။ မစ်မက် ကောနဲလ်ဟာ မြန်မာ့အရေးကို အထူးစိတ်ဝင်စားပြီး ဒီမိုက ရေစီလှုပ်ရှားမှုကို လေးလေးနက်နက်ထောက်ခံသူဖြစ်တယ် ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ် လေတော့ ရိုဟင်ဂျာအရေး ဂျီနိုဆိုက်သတ်မှတ်မှုတွေနဲ့ပတ် သက်ပြီး သူ့မိတ်ဆွေအပေါ် ထိခိုက်မှုရှိလာနိုင်တဲ့အတွက်ဒီ Bill ရဲ့ပထမပိုင်းမူတွေကိုတော့ ကန့်ကွက်မှုတွေရှိခဲ့တယ်။ အခုတော့ တက်ကြွလှုပ်ရှားသူတွေကတော့ သူ့ရဲ့ ထောက်ခံမှုရှိလာစေရေးဆွေးနွေးနေကြတယ်။ ဒီဥပဒေမှာပါတာတွေကို အကျဉ်းချုပ်ရေးရရင်• ဥပဒေပြုပြီး ရက် ၃၀ ထက် နောက်မကျစေဘဲ သမ္မတကလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အာဏာသိမ်းရာမှာ ပါတဲ့သူ တွေကို ဒဏ်ခတ်အရေးယူ(ဆန်ရှင်)လုပ်ဖို့။ အဓိကကတော့ – ကာကွယ်ရေးကဏ္ဍနဲ့ပတ်သက်နေသူတွေ၊ ပတ်သက်ပြီးစီးပွားရေးလုပ်နေသူတွေ၊ – မြန်မာပြည် ဒီမိုကရေစီဖြစ်စဉ်နဲ့အင် စတီကျူးရှင်းတွေကို ဖျက်လိုဖျက်ဆီးလုပ်သူတွေ၊ -မြန်မာပြည် ငြိမ်းချမ်း၊ လုံခြုံ၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသူတွေ၊ -လွတ်လပ်စွာရေးသားပြောဆိုစည်းရုံးလှုပ်ရှားခွင့်ကို တား မြစ်၊ ပိတ်ပင်၊ ရန်ရှာနေသူတွေ၊ – ပြည်သူတွေကို ဖမ်းဆီးသူတွေ၊ – လူ့အခွင့်အရေးချိုးဖောက်နေသူတွေ၊- စစ်တပ်ခေါင်းဆောင်တွေနဲ့ စကစမှာပါဝင်နေကြသူတွေ၊ – နိုင်ငံတော်ပိုင်စီးပွားရေလုပ်ငန်းတွေ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ နဲ့ ကျောက်မျက်လုပ်ငန်းတွေ၊ အဲ့လုပ်ငန်းကိုလုပ်ကိုင်နေကြသူတွေ၊- အထက်ဖော်ပြပါ ပုဂ္ဂိုလ်တွေရဲ့ အရွယ်ရောက်ပြီးသား မိ သားစုဝင်တွေ၊- အဲ့ဒီသူတွေအတွက် ငွေကြေးကိစ္စဆောင်ရွက်ပေးသူတွေ၊- သူတို့ပိုင်စီးပွားရေးလုပ်ငန်းတွေ၊- သူတို့ကို ငွေကြေး၊ ရုပ်ပိုင်း၊ နည်းပညာပိုင်းထောက်ပံ့ပေး နေသူတွေကို ဒဏ်ခတ်အရေးယူပါမယ်။• ဒီ ဥပဒေထုတ်ပြီး ရက် ၆၀ ကစလို့ သမ္မတအနေနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ပတ်သက်ပြီး ဒဏ်ခတ်အ ရေးယူပိတ်ဆို့ရေးကို ဆုံးဖြတ်ဖို့။ (ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကိုအရေးယူပိတ်ဆို့ရေးနဲ့ပတ်သက်ပြီး ကော်ပရေးရှင်းကြီး တွေက ကန့်ကွက်မှုတွေရှိတဲ့အတွက် အရင်မူတွေထက်တော့ လေသံပျော့ထားပေမယ့် ဒီအချက်ကိုတော့ ထည့်သွင်းထား တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို စီးပွားရေးပိတ်ဆို့အရေးယူဖို့ကိစ္စနဲ့ပတ်သက်ပြီး ရက် ၆၀ မပြည့်ခင် ကွန်ကရက်ကို အစီရင်ခံစာတင်ရမယ်)• အထက်ဖော်ပြပါလူပုဂွိုလ်တွေကို ဗီဇာပိတ်မယ်။ ပေးထားပြီး သားဗီဇာကိုလည်း ပြန်ရုပ်သိမ်းမယ်။• ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ့်အစီအစဉ်ကို ရက် ၆၀ထက် နောက်မကျ ဘဲကွန်ကရက်ကိုအစီရင်ခံရမယ်။ အစီရင်ခံရာမှာ ယူအက်စ် လက်လှမ်းမမီတဲ့ စစ်တပ်ကရနေတဲ့ ဝင်ငွေကိုပါဖော်ပြပြီး အဲ့ဒါတွေကို အရေးယူဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကိုအကြံ ပြုရမယ်။• ကျောက်မျက်တင်ပို့မှုကိုလည်း သမ္မတက အရေးယူပိတ် ဆို့နိုင်တယ်။• အရေးယူ ပိတ်ဆို့မှုတွေနဲ့ မူဝါဒရေးရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်ဒီမို ကရေစီအရေး ပေါင်းစပ်ညှိနှိုင်းရေးအထူးကိုယ်စားလှယ်ကို ခန့်အပ်ရမယ်။ သူ့ရဲ့တာဝန်တွေက- အမေရိကန်ရဲ့မြန်မာပြည်မူဝါဒနဲ့ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းမှုကိုဆောင်ရွက်ရမယ်။- ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ့်သူတွေကို လေ့လာပြုစုရ မယ်။- နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကို ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်နိုင်ဖို့ တွန်းအားပေးရမယ်။- နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေလုပ်နိုင်ဖို့ တရုတ်၊ ရုရှား တို့နဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တာတွေ၊ ဖိအားပေးတာတွေလုပ်ရမယ်။- သဘောထားသူတွေနဲ့ပေါင်းပြီး လက်နက်တင်ပို့မှုပိတ်ဆို့ တာတွေ၊ စစ်အုပ်စုရဲ့ စီးပွားရေးကို ပစ်မှတ်ထားပိတ်ဆို့တာတွေလုပ်ရမယ်။- ဗမာပြည် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသားတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ CRPH,NUG, NUCC တို့နဲ့ ထိတွေ့ဆက်ဆံရမယ်။- ရိုဟင်ဂျာနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ခံမှုယန္တရားတွေကို ပုံဖော်ဖို့၊ NUG ခေါင်းဆောင်မှုကို တ်ုင်းရင်းသားအားလုံးပါဝင်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စုစည်းညီညွတ်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်တရပ်အနေနဲ့ ချမှတ်ဖော်ဆောင်ဖို့အ တွက် NUG ကို တိုက်တွန်းဆောင်ရွက်ရမယ်။- ယူအန်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။- ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအ ကူအညီတွေပေးဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။• ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း တွေ၊ မီဒီယာတွေကို အကူအညီတွေပေးမယ်။ ဒီအတွက်ကို ၂၀၂၂ ကနေ ၂၀၂၇ အထိ တနှစ်ကို ဒေါ်လာ သန်း ၅၀ ခွင့်ပြုတယ်။• လူသားချင်းစာနာထောက်ထားမှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အကူအညီတွေပေးမယ်။ ဒီအတွက် ကို ၂၀၂၂ ဘဏ္ဍာနှစ်အတွက် သန်း ၂၂၀.၅သန်းခွင့်ပြုပေး တယ်။• နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောက်ပံ့ကူညီမှုတွေ ပေးရမယ်။• လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ခံမှုရှိအောင်ဆောင်ရွက်ရမယ်။- ဒီအပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာစစ်တပ်က ဂျီနိုဆိုက်ကျူးလွန်ခဲ့သလား၊ ရက်ရက်စက်စက်ဆောင်ရွက် နေမှုတွေကို ဘယ်လိုတားဆီးကာကွယ်ဆောင်ရွက်မလဲဆို တာနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းပြီး ရက် ၉၀ အတွင်း အစီ ရင်ခံစာတင်ရမယ်။• မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ ပိုမိုအရေး ယူဆောင်ရွက်ဖို့ ထောက်ခံကူညီဆောင်ရွက်ရမယ်။- ဒီအပိုင်းမှာ မြန်မာစစ်တပ်ကို တိုက်ရိုက် သို့ သွယ်ဝိုက်ပြီး ကာကွယ်ပေးနေတဲ့ ရုရှားနဲ့တရုတ်ဟာ ဒီလိုကာကွယ်ပေးရင်ဂုဏ်သိက္ခာထိခိုက်ခံရသင့်တယ်လို့ ကွန်ကရက်ကမြင်တယ်- မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလမှာခန့်အပ်တဲ့ကိစ္စ ကို ကန့်ကွက်ရမယ်။- မြန်မာစစ်တပ်ကို ကုလမှာ တရားဝင်အစိုးရအဖြစ် အ သိအမှတ်ပြု ကိုယ်စားပြုခွင့်မရဖို့ ဆောင်ရွက်ရမယ်။ဒီဥပဒေကို အနှစ်ချုပ်ရင်တော့ ဒီအချက်တွေပဲ။ စာလည်း ရှည်ပါပြီ။
Ko Ye