3/4/2021
PSLF/TNLA – တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့
တအာင်းပလောင်များသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူစယ်၊ ကွတ်ခိုင်၊ လားရှိုးဒေသရှိ တောင်တန်းများတွင်နေထိုင်ကြသည်။ မိုင်းကိုင်၊ မိုးမိတ်နယ်များတွင်လည်းတွေ့ရသည်။ ၁၉၅၈ ခုနှစ် ရှမ်းတိုင်းရင်းသားလက်နက်ပိုင်များ ပုန်ကန်ထကြွသော အခါ တအာင်းပလောင်များလည်း ရှမ်းတပ်ဖွဲ့များနှင့်အတူပုန်ကန်ကန်ခဲ့ကြသည်။ ရှမ်းတပ်ဖွဲ့၏နမ့်ဆန်ဒေသရှိ ရင်း ၅ နှင့် နမ့်ခမ်းဒေသရှိ ရင်း ၆ တို့သည် တအာင်း ပလောင်တပ်ဖွဲ့များဖြစ်သည်။ တအာင်းပလောင်တပ်ဖွဲ့များဖြစ်သည့် ရင်း ၅ နှင့် ရင်း ၆ သည် ရှမ်းတပ်ဖွဲ့မှ ခွဲထွက်ပြီး ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် ပလောင်အမျိုးသားတပ်ဦး PNF Palaung National Front ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ တဖန် ၁၉၇၆ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLO- Palaung State Liberative Organization နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA- Palaung StateLiberation Army ဟု အမည်ပြောင်းလဲခဲ့သည်။ PSLO/PSLA သည် ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ကြသည့် နမ့်ခမ့်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ ကြားဂွင်တွင်လှုပ်ရှားခဲ့သည်။ PSLO/PSLA ၏အဓိကမဟာမိတ်မှာ KIA ဖြစ် သည်။ PSLO/PSLA သည် နောက်ပိုင်းတွင် KIA နှင့်အတူ တောင်ပိုင်း မဒတ ( အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) တွင်ပါဝင်ခဲ့ပြီး မဒတ ရုံးစိုက်ရာ KNU နယ်မြေနှင့်ထိုင်းနယ်စပ်သို့ကိုယ်စားလည် စေလွှတ်ထားခဲ့သည်။ အရှေ့မြောက်၌ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် အဖွဲ့အသီးသီး နဝတ အစိုးရနှင့်ငြိမ်းချမ်းရေးယူကြရာ PSLO/PSLA- သည်လည်း ၁၉၉၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် နဝတ နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သည်။ ထိုအခြေ အနေကို လက်မခံသော မဒတ ရောက် ကိုယ်စားလည်များ ( မိုင်အိုက်ဖုန်း၊ မိုက်အိုက်ပန်(ကွယ်လွန်) ) စသည့် လူငယ်ရဲဘော်များ) က မဒတ အဖွဲ့ဝင်များ၏ အကူအညီဖြင့် ထိုင်းနယ်စပ်တွင် PSLF-Palaung State Liberative Front ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကို ၁၉၉၂ ခုနှစ် ဇန္နဝါရိလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်း သန္ဓေတည်ခဲ့သည်။ နအဖ အစိုးရ လက်နက်အပ်၍ တပ်ဖျက်သိမ်းရန် ဖိအားပေးလာခဲ့ရာ အင်အား ၃၀၀ မှ ၅၀၀ ခန့်ထိရှိသော PSLO/PSLA အဖွဲ့သည် ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် မန်တုံမြို့တွင် နအဖ အစိုးရအား လက်နက်အပ်ခဲ့ပြီး PSLO/PSLA လက်နက်ကိုင်အဖွဲ့ တခန်းရပ်သည်။ သို့သော်လည်း ထိုင်းနယ်စပ်ရှိ PSLF ထူထောင်ထားသော တအာင်းလူငယ်များနှင့် PSLO စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ တာညီလုံးတို့နှင့်တိုင်ပင်၍ တအာင်းလက်နက်ကိုင်တပ်ဖွဲ့အား ပြန်လည်ထူထောင်ရန် ၂၀၀၇ ခုနှစ်မှအစပြုပြီး ပြန်လည်လုံးပမ်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်ကျင်းပသော PSLF- တတိယအကြိမ်ညီလာခံတွင် TNLA – Ta-Ang National Liberative Army ဖွဲ့စည်းရေးကို အတည်ပြုခဲ့သည်။ သို့နှင့် KIA ၏ အကူအညီဖြင့် ၂၀၁၁ အောက်တိုဘာလတွင် KIA တပ်မဟာ ၃ နယ်မြေ ဗန်းမော်ဒေသ၊ ဝါရာဘွမ်တွင် တအာင်းလူငယ် ၅၀ ကျော် စစ်ပညာသင်ယူပြီး TNLA အား အစပြုခဲ့သည်။ KIA နယ်မြေတွင်းလေ့ကျင့်ပြီးနောက် အသားတင်ကျန်ရစ်သူ တအာင်းလူငယ် ၄၂ ယောက်သည် KIA ကတပ်ဆင်ပေးသည့် သေနတ် ၂၂ လက်နှင့် ရွှေလီမြစ်အား နမ့်ခမ်မြို့အောက်နားမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြန်လည်ဖြတ်ကူး၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခါ PSLF/TNLA တပ်ဖွဲ့၏ စည်းရုံးလှုပ်ရှားမှု စတင်ခဲ့တော့သည်။PSLF-/TNLA ခေါင်းဆောင်မှု၁။ ဥက္ကဌ ဗိုလ်ချုပ်တားအိုက်ဖုန်း၂။ ဒုဥက္ကဌ ၁ ဗိုလ်မှူးချုပ်တားဂျုပ်ကျား၃။ ဒုဥက္ကဌ ၂ ဗိုလ်မှူးချုပ်တားခူလန်၄။ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၅။ စစ်ဦးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်၆။ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူးကျား နှင့်ပြင်ပဆက်ဆံရေးဌာနမှူး တားပန်လပြန်ကြားရေး ဗိုလ်မှူးမိုင်အိုက်ကျော် တို့ဖြစ်သည်ဟုသိရပါသည်။ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အဓိကလှုပ်ရှားသည်ဖြစ်ပြီး ပြောက်ကျားစစ်ဆင်နေရသည်ဖြစ်ရာ ဌာနချုပ်တည်နေရာကို လျှို့ဝှက်ထားရှိသည်။ တပ်ဖြန့်ခွဲလှုပ်ရှားမှု၁။ တပ်မဟာ ၁ – နမ့်ခမ်း၊ မုန်းဝီးဂွင်ရင်း ၁၀၁/၁၀၂/၄၇၈/၅၇၁/၈၇၆စုစုပေါင်း အင်အား ၆၀၀ ခန့်၂။ တပ်မဟာ ၂ – ကျောက်မဲ၊ နမ့်ဆမ်၊ မိုးမိတ်၊မိုင်းလုံဂွင်ရင်း ၂၅၆/၄၃၄/၆၆၆/၇၁၇/၉၈၇စုစုပေါင်း အင်အား ၆၀၀ ခန့်၃။ တပ်မဟာ ၃ – မုန်းဝီးတောင်ဖက်၊ ရွှေလီမြစ်ရိုးရင်း ၃၆၇/၆၈၃/၇၆၅/၇၇၃/၉၉၉စုစုပေါင်းအင်အား ၆၀၀ ခန့်၄။ တပ်မဟာ ၄ – သိန္နီကားလမ်းအနောက်ဖက်-နမ္မတူဂွင်ရင်း ၃၃၃/၅၇၇/၅၉၅/၆၆၁/၈၇၅စုစုပေါင်းအင်အား ၆၀၀ မှ ၇၀၀ ခန့်၅။ တပ်မဟာ ၅ -မူစယ်/ကွတ်ခိုင်/သိန္နီကားလမ်းအနောက်ခြမ်းစုစုပေါင်းတပ်ရင်း ၅ ရင်းစုစုပေါင်း အင်အား ၇၀၀ ခန့်၆။ တပ်မဟာ ၆- မုန်းကျက်-မုန်းယော်ဂွင် ( ကွန်လုံ/လားရှိုး/တန့်ယန်းကြား)ရင်း ၈၈၅ နှင့် အခြား ၄ ရင်းစုစုပေါင်းအင်အား ၆၀၀ ခန့်၇။ တပ်မဟာ ၇ – လှုပ်ရှားတပ်မဟာတပ်ရင်း ၅ ရင်းခန့်အင်အားစီစစ်ဆဲဒေသအုပ်ချုပ်ရေးအား အောက်ပါအတိုင်း ခရိုင် ၅ ခု ဖွဲ့စည်းထားသည်၁။ မိုးကုတ်ခရိုင် (မိုဂူး)၂။ နမ္မတူခရိုင် ( အိုမ်ညှိုး)၃။ နမ့်ခမ်းခရိုင် ( အိုမ်တမောဝ်)၄။ ကွတ်ခိုင်ခရိုင်( အိုမ် ခုံး)၅။ လားရှိုး ( လာဆျို ) တို့ဖြစ်သည်။ အင်အားTNLA သည် အနည်းဆုံး တပ်ရင်း ၃၅ ရင်းခန့်ဖွဲ့စည်းထားပြီး တရင်းလျင် အင်အား ၁၀၀ မှ၁၅၀ ကြားတွင်ရှိမည်ဟုခန့်မှန်းရသည်။ နောက်တန်းဌာနများ၊ ဆေး/ဆက်သွယ်ရေးစသည့် ရုံးအဖွဲ့များ၊ နယ်မြေအုပ်ချုပ်စည်းရုံးရေးအဖွဲ့များ၊ အခွန်အကောက်အဖွဲ့များစသည့် အင်အားများ အားလုံးပေါင်းပါက စုစုပေါင်းအင်အား ၈၀၀၀ မှ ၁၀၀၀၀ ခန့်ထိရှိနိုင်သည်။ လက်နက်တပ်ဆင်မှုမှာ ခေတ်မှီချေမှုန်းရေးရိုင်ဖယ်များတပ်ဆင်နိုင်သည်။ UWSA သို့မဟုတ် အခြားမှ လက်နက်ရရှိနိုင်သည့်လမ်းကြောင်းရှိသည်ဟု ခန့်မှန်းမှုများရှိသော်လည်း တိကျသော အထောက်အထားမရှိပါ။ TNLA လှုပ်ရှားဒေသသည်ရန်သူပတ်လည်ဝိုင်းထားသည့်ပြောက် ကျားဒေသဖြစ်သဖြင့် လက်နက်ခဲယမ်းစုပုံမှု အကန့်အသတ်ရှိသည်။ အကူပစ်လက်နက်အနေနှင့် ၁၀၇ မမ၊ ၆၀ မမ တို့သုံးစွဲနိုင်သည်ကိုတွေ့ရသည်။ ပြီးခဲ့သောနှစ်ပိုင်းက ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိ TNLA လက်နက်ဂိုဒေါင်တခုအား အစိုးရတပ်ကသိမ်းဆည်းရမိရာတွင် လက်နက် ငယ်များအပြင် FN 6 အမျိုးအစားဟုယူဆရသည့် လေယဉ်ပစ်ဒုံးကျည်တလက်ပါသိမ်းဆည်းရမိသွားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ TNLA သည် လေယဉ်ပစ် ဒုံးကျည် ပိုင်ဆိုင်နေပြီဟုတွက်ဆရသည်။ သို့သော် လက်တွေ့အသုံးပြုသည်ကို မတွေ့ရသေးပေ။ ဘဏ္ဏာရေးTNLA ၏လက်ရှိဘဏ္ဏာရေးသည် အခွန်အကောက်ကောက်ခံမှုပေါ်တွင် မူတည်သည်ဟု ယူဆရသည်။ ဘဏ္ဏရေးအရ တောင့်တင်းသည့်အဖွဲ့အစည်းတော့မဟုတ်။ လက်ရှိတပ်အင်အားအား ထိမ်းသိမ်းရန်၎င်း၊ တပ်တိုးချဲ့ရေးအတွက်သော်၎င်း လိုအပ်သည့် ဘဏ္ဏာရန်ပုံငွေကို ကြိုးစားရှာဖွေနေရသည်ဟု သုံးသပ်ရပြီး ယခုအချိန်ထိတော့ ပုံမှန်လည်ပတ်ရန်အတွက် ဖြေရှင်းနိုင်သည်ကို တွေ့နေရသည်။တပ်ပေါင်းစုTNLA သည် ၂၀၁၇ မှ စတင်ဖွဲ့စည်းသည့် မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင်ပါဝင်သည်။ AA ( ရခိုင် )၊ !MNDAA ( ကိုးကန့် )တို့နှင့် ပေါင်း၍ အဖွဲ့ ၃ ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ဖွဲ့ထားသည်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအတွက် AA ၊ MNDAA ၊ KIA (ကချင် ) တို့နှင့်ပူးပေါင်း၍ အဖွဲ့ ၄ ဖွဲ့ဆွေးနွေးနေသည်။ TNLA သည် ၎င်းအားကူညီဖွဲ့စည်းပေးသည် KIA နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသကဲ့သို့ UWSA နှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိသည်။ ထို့ပြင် RCSS/SSA နှင့်စစ်ရေးပဋိပက္ခတွင် SSPP/SSA နှင့် ပူးပေါင်းရင်ဆိုင်လျက်ရှိသည်။ အစိုးရနှင့်ဆက်ဆံရေးငြိမ်းချမ်းစဉ်လုပ်ငန်းစဉ်စခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တလျောက်လုံးနှင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းထိ အစိုးရတပ်က TNLA အား AA/MNDAA တို့နှင့်အတူ ငြိမ်းချမ်းလုပ်ငန်း စဉ်တွင်ပါဝင်ခြင်းအား အသိမှတ်မပြုဘဲ လက်နက်အပ်ရန်သာ တောင်းဆိုခဲ့သည်။ သို့ဖြစ်ရာ တိုက်ပွဲများသာတောက်လျောက်ဖြစ်နေခဲ့သည်။ ၂၀၁၈ ကုန်ပိုင်းမှစ၍ ၎င်း ၃ ဖွဲ့အား အပစ်ရပ်ဆွေးနွေးရန် တပ်က သဘောတူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ၂၀၂၀ မှစ၍ တွေ့ဆုံမှုများ ရပ်တန့်နေသော်လည်း အပြန်အလှန် အပစ်ရပ်ကြေညာပြီး တိုက်ပွဲများ လျော့ချထားသည်။တရုတ်နှင့်ဆက်ဆံရေး၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်ကိုယ်စားလည်၏စီစဉ်မှုဖြင့် မြောက်ပိုင်း ၇ ဖွဲ့နှင့်အတူ ပင်လုံညီလာခံဖွင့်ပွဲများသို့တက်ရောက်ခဲ့သည်။ တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်သည်ဟု အများက အသိမှတ်ပြုထားသည်။ အခြားနိုင်ငံများ ဆက်ဆံရေးမတွေ့ရပါ။ နိုင်ငံရေး၊စစ်ရေးနိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တအာင်းပြည်နယ်ကို တောင်းဆိုသည်။ တအာင်းလူထုနှင့်တအာင်းအရပ်ဖက်အဖွဲ့အစည်းများကြား ဩဇာသက်ရောက်မှုရှိသည်။ စစ်ရေးအရ ချေမှုန်းရေးတိုက်ပွဲကြီးများတိုက်သည်ကို မတွေ့ရသေးသော်လည်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အနှံ့အပြားပြောက်ကျားစစ်ဆင်ခြင်း၊ ရှမ်းမြောက်ရှိ အဓိကဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ထိမ်းချုပ်ခြင်း၊ မြို့များအား နှောက်ယှက်တိုက်ခိုက်ခြင်းတို့အား ကျွမ်းကျင်စွာပြုလုပ်နိုင်သည်။ စစ်ရေးအရ ထူးခြားမှုမှာ သီပေါ၊နမ္မတူ၊ သိန္နီ ဒေသသို့၎င်း၊ ကျောက်မဲ၊ မုန်းဝီး၊နမ့်ခမ်းသို့၎င်း ထိုးဖေါက်ရန် ကြိုးစားနေသည့်RCSS/SSA နှင့် စစ်ရေးပဋိပက္ခရှိသည်။မောင်မောင်စိုး