1/5/2021
MNTJP/MNDAA
ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိုးကန့်ဒေသသံလွင်မြစ်၏အရှေ့ဖက်ခြမ်းနှင့်တရုတ်နယ်စပ်ကြား ကွန်လုံမြို့၏မြောက်ဖက်ခြမ်းတွင် ကိုးကန့်ဒေသရှိသည်။ စတုရန်းကီလိုမီတာ တသောင်းကျော်ကျယ်ဝန်းပြီး လူဦးရေ တသိန်းခွဲခန့်ရှိသည်။ ကိုးကန့်တရုတ်လူမျိုးအများစုဖြစ်ပြီး ဒုတိယအများဆုံးမှာ တအာင်းပလောင်လူမျိုးများဖြစ်သည်။ ပျမ်းမျှ ပေ ၃၀၀၀ ကျော်မြင့်ပြီး ပေ ၄၀၀၀/၅၀၀၀/၆၀၀၀ ကျော်မြင့်သည့် တောင်တန်းများရှိသည်။ ကိုးကန့်ဒေသတွင် ယန်မိသားစုများစတင်အခြေချပြီး ၁၈၄၀ ခုနှစ်တွင် ကိုးကန့်မြို့စားအား တရုတ်ပြည် ချင်မင်းဆက်က စတင်အသိမှတ်ပြုခဲ့သည်။ အထက်မြန်မာပြည်အား အင်္ဂလိပ်တို့သိမ်းပြီးနောက် ၁၈၉၇ ခုနှစ် အင်္ဂလိပ်-တရုတ်သဘောတူစာချုပ်အရ ကိုးကန့်ဒေသသည် ဗြိတိသျှဘားမားပိုင်ဖြစ်ခဲ့ပြီး ထိုမှစ၍ ကိုးကန့်သည် မြန်မာပိုင်ဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ် ကိုးကန့်စော်ဘွားအာဏာစွန့်ပြီးနောက် ကိုးကန့်ေစာ်ဘွားနှင့်ကာကွယ်ခေါင်းဆောင် ဖုန်ကြားစင်း/ဖုန်ကြားဖူးတို့သည် မြန်မာအစိုးရအားပုန်ကန်ခဲ့သည်။ ကိုးကန့်စော်ဘွားက ကိုးကန့်ဒေသအား စွန့်ခွါပြီးနောက် ဖုန်ကြားစင်း/ဖုန်ကြားဖူးတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ CPB နှင့်ပေါင်း၍ အစိုးရအား ဆက်လက်တိုက်ခိုက်ခဲ့ရာ ၁၉၇၀ ခန့်မှစ၍ ကိုးကန့်ဒေသသည်လွတ်မြောက်ဒေသဖြစ်ခဲ့သည်။ အစိုးရထိမ်းချုပ်မှကင်းလွတ်ခဲ့သည်။ ၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန်အဖွဲ့သည် CPBအား ပုန်ကန်ပြီး MNTJP/MNDAA- Myanmar National Truth and Justice Party/ Myanmar National Democratic Alliance Army ( မြန်မာအမျိုးသား အမှန်တရားနှင့်တရားမျှတမှုပါတီ/မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) ကိုထူထောင်ခဲ့ပြီး နဝတ အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သည်။ နဝတ အစိုးရ က ကိုးကန့်ဒေသအားရှမ်းပြည်နယ်အထူးဒေသ ၁ အဖြစ်သတ်မှတ်ပေးခဲ့သည်။ ကိုးကန့်ခွဲထွက်ပြီးမကြာမှီ ကိုးကန့်ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုကြောင့် ၁၉၉၂ ခုနှစ်ခန့်တွင် ကိုးကန့်ဒေသတွင်းသို့ အစိုးရတပ်များစတင်ဝင်ရောက်နေရာယူနိုင်ခဲ့ပြီး ယခုအခါ ဒေသကွပ်ကဲမှုစစ်ဌာချုပ်နှင့်အခြေစိုက်တပ်ရင်းများ အခြေပြုနိုင်ခဲ့သည်။၂၀၀၉ ခုနှစ်တွင် BGF ဖွဲ့စည်းရေး၊ လက်နက်စက်ရုံ စသည့်ပြသနာများနှင့်ပတ်သက်ပြီး အစိုးရနှင့် ပြေလည်မှုမရဘဲ ဖုန်ကြားစင်းတို့အား နအဖအစိုးရတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာဖုန်ကြားစင်းတို့ ကိုးကန့်အားစွန့်ခွါခဲ့ရသည်။ နအဖ အစိုးရတပ်နှင့်ပေါင်းသော ကိုးကန့်သားအချို့က ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သွားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရာတွင်လညါးပါဝင်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့သော ကိုးကန့်အဖွဲ့သည် အနှစ် ၂၀ အကြာ ၂၀၀၉ ခုနှစ်တွင် ရန်ဖက်ပုန်ကန်သူပြန်ဖြစ်သွားခဲ့တော့သည်။ကိုးကန့်ဒေသအား လက်လွှတ်ခဲ့ရသော MNDAA သည် ကိုးကန့်ဒေသအားပြန်လည်ထိုးဖေါက်ရန် တပ်ကိုပြန်လည်ဖွဲ့စည်းသည်။ ၂၀၁၃ ခုနှစ်ခန့်တွင် ကိုးကန့်ဒေသနှင့်ကပ်ရက် သံလွင်အနောက်ခြမ်းတွင် ကိုးကန့်တပ်များ ပြန်လည်လှုပ်ရှားသည့် သတင်းများကြားရသည်။၂၀၁၅ ခုနှစ် ဖေဖဝါရိလမှစ၍ MNDAA တပ်ဖွဲ့များသည် ကိုးကန့်ဒေသတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ စစ်ပွဲသည် မေ/ဇွန်အထိကြာမြင့်ခဲ့သည်။ တပ်မှလည်း လေကြောင်းနှင့်အမြောက်ပစ်ကူများအပါ စစ်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့သည်။ တပ်က ကိုးကန့်ဒေသအများစုကို ပြန်လည်ထိမ်းချုပ်နိုင်ခဲ့သော်လည်း ကိုးကန့်မြောက်စွန်းရှိ ဟုန်အိုင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့အခြေပြုနိုင်ခဲ့သည်။ လက်ရှိ MNDAA ခေါင်းဆောင်မှုကိုးကန့်၏ မူလခေါင်းဆောင် ဖုန်ကြားစင်းမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်ရာ နာယက နေရာတွင်သာရှိမည်ဟုခန့်မှန်းရသည်။ ဖုန်ကြားစင်း၏ ညီဖြစ်သူ ဖုန်ကြားဖူမှလည်း ပြိးခဲ့သော ၃/၄ နှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိ ကိုးကန့်အဖွဲ့ဥက္ကဌနှင့်စစ်ဦးစီးချုပ်မှာ ဖုန်တရွှင်( ဖုန်ကြားစင်း၏သား) ဖြစ်သည်။ ၂၀၁၅ တိုက်ပွဲကာလက အတွင်းရေးမှူးအဖြစ် ကိုထွန်းမြတ်လင်း(ဖုန်ကြားစင်း၏သားမက်) တာဝန်ယူသည်။ ကျန်ရှိသော ခေါင်းဆောင်များနှင့်ပတ်သက်၍အတည် ပြု၍မရသေးပါ။ကိုးကန့်အဖွဲ့၏ ထိမ်းချုပ်ဒေသကိုးကန့်ဒေသအတွင်း မော်ထိုက်မြို့နယ်ခွဲ၏အရှေ့ဖက် ဟုန်အိုင်ဒေသတွင်အခြေပြုသည်။ကိုးကန့်နယ်မြေအများစုအား တပ်ကထိမ်းချုပ်ထားရာ ကိုးကန့်ဒေသတွင်း စစ်ရေးလှုပ်ရှားရန် အကန့်အသတ်ရှိ၍ ကိုးကန့်တပ်အများစုသည် သံလွင်မြစ်အနောက်ခြမ်းတွင် သူ၏မဟာမိတ်များနှင့်တွဲ၍ လှုပ်ရှားနေသည်ဟု ယူဆရသည်။ကိုးကန့်စစ်အင်အားလက်ရှိ MNDAA တွင် တပ်မဟာ ၃ ခုဖွဲ့စည်းထားသည်။ တပ်မဟာ ၂၁၁ ၊ တပ်မဟာ ၃၁၁ ၊တပ်မဟာ ၅၁၁ တို့ဖြစ်သည်။ လက်နက်ငယ်တပ်ဆင်မှု အားကောင်းသည်။ အစောပိုင်းကာလတွင် လက်နက်ကြီးတပ်ဆင်မှု မတွေ့ရပါ ။ လက်ရှိစစ်အင်အားမှာ အနည်းဆုံး ၂၅၀၀ ခန့်ရှိနိုင်ပြီး အများဆုံး ၅၀၀၀ ခန့်အထိရှိနိုင်ပါသည်။ဘဏ္ဏာရေးဘဏ္ဏာရေးအင်အား အခြေအနေမသိရပါ။ ယခုအချိန်ထိ ရပ်တည်နိုင်စွမ်းရှိရာ သင့်တင့်သောဘဏ္ဏာရေးအခြေအနေရှိသည်ဟုဆိုရမည်။တပ်ပေါင်းစု၂၀၁၇ မှစ၍ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့တွင်ပါဝင်သည်။ ၂၀၁၅ မှစ၍ AA/TNLA တို့နှင့်စစ်ရေးမဟာမိတ်ဖွဲ့ပြီး ရှမ်းမြောက်တွင် စစ်ဆင်ရေးများပြုလုပ်သည်။ အချို့စစ်ဆင်ရေးများတွင် မြောက်ပိုင်း ၃ ဖွဲ့နှင့်အတူ KIA တပ်ဖွဲ့အချို့လည်း ပါဝင်လေ့ရှိသည်။ အစိုးရနှင့်ဆက်ဆံရေး၂၀၁၅ ခုနှစ် NCA ရေးထိုးရာတွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရနှင့်တပ်၏ ငြင်းပယ်မှုခံခဲ့ရသည်။ တရုတ်၏ ကြားဝင်မှုဖြင့် ၂၀၁၈ ခုနှစ်နှစ်ကုန် တွင် အစိုးရနှင့်တပ်က ဆွေးနွေးရန်သဘောတူသည်။ ၂၀၁၉ ခုနှစ်အတွင်း KIA/AA/TNLA တို့နှင့်အတူ အစိုးရနှင့်ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပေ။ ၂၀၂၀ မှစ၍ တွေ့ဆုံဆွေးနွေးမှုများရပ်ဆိုင်းနေသည်။ပြည်ပဆက်ဆံရေးတရုတ်နှင့်ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု အများက ယူဆခြင်းခံရသည်။ တရုတ်ပြည်မှ အင်အားစုအချို့၏ ထောက်ခံမှုရရှိသည်ကို တွေ့ရသည်။နိုင်ငံရေး ၊ စစ်ရေးကို့က့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ရည်ရွယ်သည်။ သို့သော် ယခုတိုင်နိုင်ငံရေးဆွေးနွေးပွဲသို့ မရောက်သေး၍ ၎င်းတို့အမြင်များကို ရှင်းလင်းစွာမမြင်ရသေးပေ။ စစ်ရေးအရ တရုတ်စစ်ရေးဟုဆိုနိုင်သည့် ပြောက်ကျားစစ်၊ ခံစစ်၊ ချေမှုန်းစစ်ကျွမ်းကျင်သည်။ CPB နှင့်အတူတိုက်ခဲ့သော စစ်ရေးအတွေ့အကြုံရှိသည်။ သို့သော်လည်း ကိုးကန့်လူဦးရေ နည်းပါး၍ တပ်အင်အားကြီးထွားရန်အကန့်အသတ်ရှိသည်ဖြစ်ရာ မဟာမိတ်တပ်ပေါင်းစုကို အားပြုရန်လိုအပ်သည်။
မောင်မောင်စိုး
photo credit Irrawaddy