KIA ဟုသိကြသည့် KIO/KIC/KIA

#eaos_mms75

28/3/2021

KIA ဟုသိကြသည့် KIO/KIC/KIA

KIO-kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ်အောက်တိုဘာလ ၂၅ ရက်နေ့မှာတည်ထောင်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးပါတီဖြစ်သည်နှင့်အညီပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့ KIA- Kachin Independence ကို ၁၉၆၁ခုနှစ် ဖေဖဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းပါသည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ KIC- Kachin IndependenceCouncil ကိုဖွဲ့စည်းထားရှိပါသည်။ အများ KIA ဟု အလွယ်တကူသိရှိထားသော်လည်း ဖွဲ့စည်းပုံအရ KIO- KIA- KIC ဟူ၍ ဗဟိုအဖွဲ့အစည်း ၃ ခုဖွဲ့စည်းထားပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ KIO ဖြစ်သည်။ လက်နက်ကိုင်သက်တမ်း နှစ် ၆၀ ကျော်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။ KIO/KICလက်ရှိ KIO တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁/၁၂ ဦးခန့်ရှိပြီး အဓိက ခေါင်းဆောင်များမှာဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဒုဥက္ကဌ ၁ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်ဒုဥက္ကဌ ၂ ဆလန်ကဘာ ဆွန်လွတ်ဂမ်အတွင်းရေးမှူး ဆလန်ကဘာ ကွန်ထပ်ထိန်နန်လက်ရှိ KIC ခေါင်းဆောင်များမှာဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဒုဥက္ကဌ ၁ ဒုဗိုလ်ချုပ်ကြီးဆွန်လွတ်ဂွမ်မော် ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ဇောင်းဘုတ်ထန်အတွင်းရေးမှူး ဗိုလ်ချုပ် LLဇော်ရော်KIO ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွန်မူကိုခံယူပြီး ဗဟိုဌာနကြီးများ၊ ကော်မတီများ၊ ရေးရာအဖွဲ့များဖွဲ့စည်းပြီး KIO/KIC ခေါင်းဆောင်များက စီမံအုပ်ချုပ်ကြပါသည်။KIC ရဲ့အုပ်ချုပ်စီမံမူ အောက်မှာရှိကြပါသည်။(က) ဌာနကြီးများ၁။ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး)- Ginjaw uphkang rung၂။ဘဏ္ဍာရေး-Ginjaw sutgan dap၃။စီးပွားကူးသန်း ရောင်းဝယ်ရေး-Ginjaw sut masa magam dap၄။ကျန်းမာရေး-Ginjaw Hkamja Dap၅။ပညာရေး-Ginjaw Hpaji Dap၆။တရားရေး-Ginjaw Tara Masa Magam Dap၇။သတင်းနှင့်ပြန်ကြားရေး-Shiga Magam Dap၈။နိုင်ငံခြားရေး-Ginjaw Maigan Makyit Mahkai Magam Dap၉။စာပေနှင့်ယဥ်ကျေးမူ-Ginjaw Htunghking hte Laili Laika Magam Dap၁၀။စိုက်ပျိူးမွေးမြူရေး(လယ်/ဆယ်)-Hkai Rem Magam Dap၁၁။သစ်တောနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေး-Nam maling hte Grup-yin Gawnhkang Magam Dap(ခ) အခြားရုံးနှင့်ကော်မတီများ၁။ပါတီဗဟိုဌာနချုပ်ရုံး-Ginjaw Komiti Rung၂။.ဗဟိုမူးယစ်​ ဆေးဝါးတားဆီးပိတ်ပင်ရှင်းလင်းရေးကော်မီတီ-Ginjaw Kani Nang Hpam Pat Jasan Komiti၃။ကချင်အမျိုးသမီးရေးရာအဖွဲ့-Wunpawng Mungdan Shanglawt Amyu Shayi Hpung၄။အမျိုးသားထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မီတီ-Wunpawng Karum Ningtum hte Gaw Sharawt Komiti၅။ဗဟိုလုပ်ငန်းနှင့်စာရင်းစစ်ချုပ်ရုံး-Ginjaw Magam Bungli hte Jahpan Chyarang Jepchyoi Makan Dap၆။စစ်ဘေးရှောင်များပြုစုစောင့်ရှောက်ရေးကော်မီတီ-Ginjaw Hpyen Yen Lakawn Lanawn Komiti၇။ နိုင်ငံရေးရှေ့လုပ်ငန်းစဥ် ချမှတ်ဖေါ်ဆောင်ရေးအဖွဲ့-Shawnglam Mungmasa Jasat Hpung၈။ ပြည်သူ့ဆက်ဆံရေးတပ်- Mungshawa kanawn mazum Hpyenphung( ဂ ) အုပ်ချုပ်ရေးနယ်မြေKIO/KIC သည် အုပ်ချုပ်ရေးနယ်မြေ ၄ ခုဖြန့်ခွဲ အုပ်ချုပ်သည်။၁။ မြောက်ပိုင်းတိုင်း- မြစ်ဆုံမြောက်ဖက်ဒေသ၂။ အနောက်ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အနောက်ဖက်ခြမ်း၃။ အရှေ့ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း၄။ တောင်ပိုင်တိုင်း- ရှမ်းပြည်မြောက်ပိုင်းတိုင်းများလက်အောက်တွင် မြို့နယ်၊ တိုက်နယ်၊ကျေးရွာအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။ ယခင်က ခရိုင်အဆင့်ဖွဲ့စည်းသေးသော်လညါး ယခု ဖြုတ်ထားသည်ဟု ယူဆရပါသည်။(စီစစ်ဆဲ)KIAKIO ၏ အဓိက လက်နက်ကိုင်တပ်ဖြစ်သည့် KIA ၏ လက်ရှိ ခေါင်းဆောင်များနှင့်ဖွဲ့စည်းပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။တပ်မှူးကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် R ခေါင်လွန်းဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရစ်အောင်ဆိုင်းလာစစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် မရန်ဇော်တောင်စစ်ဦးစီးပထမတန်း (ဦး) ဗိုလ်မှူးကြီး ဂရားဇော်လီစစ်ဦးစီးပထမတန်း (ရေး) ဗိုလ်မှူးကြီး ပေါက်ဆာအောင်လွန်းစစ်ဦးစီးပထမတန်း(ထောက်) ဗိုလ်မှူးကြီး အနိုင်းဇော်ခေါင်းဌာနချုပ်ဖွဲ့စည်းမှု၁။ စစ်ရုံးချုပ် – Dailawn Rung ၂။ စစ်မဟာဗျူဟာလေ့လာရေးဌာန -Zai Ninggawn Rung၃။ ခြေမြန်တပ်မဟာ- ရင်း ၂၅၁/၂၅၂/၂၅၃/၂၅၄/၂၅၅/၂၅၆၄။ ဗဟိုကင်းတပ်မဟာ- ရင်း ၂၃/၂၈/၄၀/၄၂၅။ လက်နက်ကြီးတပ်ဖွဲ့- ရင်း ၆၁၁/၆၁၂/၆၁၃/၆၁၄၆။ ကွန်မန်ဒိုတပ်ရင်း၇။ ဂေါ်ရခါးတပ်ရင်း၈။ လက်ဖြောင့်တပ်ဖွဲ့၉။ လေ့ကျင့်ရေးတပ်ရင်းKIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ/တပ်ရင်း/တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း လိုင်ဇာဒေသအားဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။တပ်ဖြန့်ခွဲမှုများမှာ၁။ မြောက်ပိုင်းတိုင်းနယ်မြေ- (က) တပ်မဟာ ၁ — ပူတာအို၊ ဆွမ်းပရာဘွမ်ဒေသ( ရင်း ၄/၇/၁၀/၂၂ )(ခ)တပ်မဟာ ၇ — ချီဗွေ၊ ဖရဲ ဒေသ)( ရင်း ၃၂/၃၃/၄၆ )၂။ အနောက်ပိုင်းတိုင်းနယ်မြေ- (က)တပ်မဟာ ၂ — လီဒိုကားလမ်း တောင်မြောက်( ရင်း ၁၁/၁၄/၂၀/၄၅ )(ခ ) တပ်မဟာ ၉ — ဖါးကန့်ဒေသ( ရင်း ၆/၂၆/၄၄ )( ဂ ) တပ်မဟာ ၈ — မိုးညှင်း/နန့်စီအောင်ဒေသ( ရင်း ၅/၃၅/၄၁ )၃။ အရှေ့ပိုင်းတိုင်းနယ်မြေ- ( က) တပ်မဟာ ၃ —- ဗန်းမော်ဒေသ( ရင်း ၁/၁၂/၁၅/၁၆/၂၁/၂၇ )(ခ ) တပ်မဟာ ၅ — ဆဒုံးဒေသ( ရင်း ၃/၁၈/၁၉/၂၄/၂၅/၃၀ )၄။ တောင်ပိုင်းတိုင်းနယ်မြေ- (က) တပ်မဟာ ၄ —- လားရှိုး/မူစယ်ကားလမ်းတောင်ဖက်ခြမ်း( ရင်း ၈/၂၉/၃၄/၃၇ )( ခ ) တပ်မဟာ ၆ — ကွတ်ခိုင်/မူစယ် ကားလမ်းမြောက်ခြမ်း၊( ရင်း ၉/၃၆/၃၈ )( ဂ ) တပ်မဟာ ၁၀ —- သိန္နီ/ကွန်လုံကားလမ်း တောင်/မြောက်( ရင်း ၂ / ၁၇/ ၃၉ )သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု ၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။ မှတ်ချက်။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်းမရှိပါ ။ ကျန် ရင်း ၃၁/၄၃ တို့အား စီစစ်ဆဲဖြစ်ပါသည်။ MHH ပြည်သူ့စစ်KIO/KIC/KIA, မှ MHH ခေါ် ပြည်သူ့စစ်များအား တိုင်း/မြို့နယ်/ တိုက်နယ်/ကျေးရွာအလိုက်ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထားသည်။ပြည်သူ့စစ်များအား KIC အတွင်းရေးမှူးမှ ကွပ်ကဲပါသည်။အခြားဌာနများKIO/KIC သည် ၎င်းတို့ထိမ်းချုပ်ရာနယ်မြေများတွင် ဆေးရုံ၊ ရဲတပ်ဖွဲ့ ၊စည်ပင်၊ မီးသတ်၊ သစ်တော၊ ဆည်မြောင်း၊ လျပ်စစ်၊ တက္ကသိုလ်/ကျောင်း၊ ​အကောက်ခွန်၊လဝက စသောဝန်ထမ်းများ လေ့ကျင့်ခန့်အပ်ထားသည်။အင်အားနှင့်အခြားKIA တိုက်ခိုက်ရေး တပ်ရင်းတရင်းလျင် ပျမ်းမျှ အင်အား ၁၅၀ ခန့်ရှိနိုင်ပြီး နောက်တန်းဌာနဝန်ထမ်းများပါပေါင်းလျင် တပ်ဖွဲ့တခုလုံး အင်အား ၂၀၀၀၀ ခန့်ထိရှိနိုင်ပါသည်။ပြည်သူ့ စစ် MHH အင်အား ၅၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုပါသည်။ ထိုအင်အားများသည် ခန့်မှန်းမျှသာဖြစ်သည်။ အတိအကျသိရှိနိုင်ရန် မဖြစ်နိုင်ပါ။ ထို့ပြင် KIA သည် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်မှုရှိနိုင်သည်ဟုအကဲခတ်များက သုံးသပ်ကြပါသည်။ ပြီးခဲ့သော ၄ နှစ်ခန့်အတွင်း KIA တပ်ဖွဲ့တခုလုံးအားချေမှုံးရေးရိုင်ဖယ်များ အသစ်ပြောင်းလဲတပ်ဆင်သည်အား တွေ့ရှိရသည်။ KIA တို့တွင် လေယာဉ်ပစ်ဒုံးလက်နက်အချို့ ဝယ်ယူရရှိပိုင်ဆိုင်ထားသည်ဟု နယ်စပ်‌ဒေသသတင်းအရင်းအမြစ်များကဆိုပါသည်။ သို့သော်လည်း လက်တွေ့သုံးစွဲသည်ကိုမူ မတွေ့ရသေးပေ။ KIA သည် ၎င်းတို့ထိမ်းချုပ်ရာဒေသများတွင် ၂ နှစ် စစ်မှုထမ်းဥပဒေပြဌာန်းထားသည်ဟုဆိုပါသည်။ KIA ထိမ်းချုပ်နယ်မြေဆိုရာတွင်အပြည့် အဝထိမ်းချုပ်ထားနိုင်သည့်‌နယ်မြေဒေသထက် ပြောက်ကျားလှုပ်ရှားထိမ်းချုပ်နိုင်သည့်နယ်မြေက ပို၍များပြား သည်။KIO/KIC/KIA အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘဏ္ဏာရေးတောင့်တင်းသော အဖွဲ့အစည်းတခုဖြစ်သည်။ ကချင်ပြည်နယ်တွင်းရှိ လူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်သည်။ လက်ရှိတွင် မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်နေသော်လည်း တောင်ပိုင်းရှိ NCAထိုးထားသော အဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ABSDF ( မြောက်ပိုင်း) ကို KIA နယ်မြေတွင်း နေရာပေးခဲ့သကဲ့သို့ ၂၀၀၉ ခုနှစ်တွင် AA( ရခိုင်) ၂၀၁၁ တွင် TNLA ( တအာင်းပလောင်) အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရာတွင် ၎င်းတို့‌ဒေသတွင်း ဖွဲ့စည်းလေ့ကျင့်မှုခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးတွင်KIA သည် တရုတ်ပြည်နှင့်သာမက အနောက်နိုင်ငံအချို့နှင့်ဆက်ဆံမှုရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် NCA တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိရုံသာမက တဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေး biletral လက်မှတ်ရေးထိုးထားခြင်းလည်းမရှိပေ။ KIA အား အကြမ်းဖက်အဖွဲ့ဟု တခါတရံရည်ညွှန်းပြောကြသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားခြင်းမရှိပါ။ သို့သော် KIA သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိ၍ မတရားသင်းအဖြစ်ကြေညာခံထားရဆဲအဖွဲ့ဖြစ်သည်။ KIO/KIA အတွက် အဓိက အခက်အခဲတခုမှာ ကချင်ပြည်နယ်တွင်းရှိ ကချင်မဟုတ်သည့်တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းရာတွင် အကန့်အသတ်ရှိခြင်းဖြစ်သည်။ပြီးပါပြီမှတ်ချက်။ ။ data credit Hkun Htu

Leave a comment