EAOs Criteria

#eaos_mms75

26/3/2021

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အောက်ပါအချက်များကို ထည့်သွင်း သုံးသပ်ရန်လိုအပ်ပေလိမ့်မည်။ အချက်အလက်အားလုံး ပြီးပြည့်စုံလိမ့်မည်မဟုတ်သော်လည်း အားသာချက် အားနည်းချက်များကို ထည့်သွင်းစဉ်းစားနိုင်ပေလိမ့်မည်။ ၁။ စစ်သည်အင်အား (လေ့ကျင့်ထားနိုင်မှု၊ စစ်စည်းကမ်းလိုက်နာမှု၊ တိုက်စိတ်ခိုက်စိတ်)၂။ စည်းစနစ်တကျဖွဲ့စည်းနိုင်မှုနှင့် အထက်အောက်အမိန့်ပေးစနစ်တည်ဆောက်မှု၊၃။ ခေတ်မှီလက်နက်ခဲယမ်းပိုင်ဆိုင်မှုနှင့် ထောက်ပို့နိုင်မှု၊၄။ စစ်ဗျူဟာကျွမ်းကျင်မှု ၊ တိုက်ရည်ခိုက်ရည်၊ ထိုးစစ်ခံစစ်စွမ်းဆောင်နိုင်မှု၊၅။ တပ်ဖွဲ့၏ဘဏ္ဏာရေးအခြေအနေ၊၆။ ထိမ်းချုပ်လှုပ်ရှားနိုင်သည့် ဒေသ၊၇။ ထိမ်းချုပ် သို့မဟုတ် စည်းရုံးထားနိုင်သည့်လူထုနှင့်လူထုထောက်ခံမှုရရှိမှုအခြေအနေ၊၈။ နိုင်ငံရေး စစ်ရေး မဟာမိတ်ဖွဲ့စည်းထားနိုင်မှုအခြေအနေ၊၉။ နိုင်ငံတကာနှင့်ဆက်စပ်နိုင်သည့်အခြေအနေ၊၁၀။ အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက် တို့ဖြစ်ပါသည်။ထို့ပြင် ထည့်သွင်းစဉ်းစားရန်လိုအပ်သည်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်ရေရှည်လက်နက်ကိုင်တိုက်ခိုက်နေသည်ဖြစ်ရာ သူတို့တွင် ရေရှည်စဉ်းစားတွက်ချက်ရသည့် သေနင်္ဂဗျူဟာ နှင့် နည်းပရိယာယ်များရှိနေသည်ဆိုခြင်းဖြစ်ပါသည်။

Leave a comment