မီရှီဂန်မြို့ကလေးမှာ မွတ်စလင်များချည့် အုပ်ချုပ်သည့် ပထမဆုံး အမေရိကန်မြို့ဖြစ်လာ

(ဒီဇင်ဘာ-၂၀၊၂၀၂၁) မီရှီဂန်မြို့ကလေးမှာ မွတ်စလင်များချည့် အုပ်ချုပ်သည့် ပထမဆုံး အမေရိကန်မြို့ဖြစ်လာ။ ဆယ်စုနှစ်များအတွင်း ပိုလန်နွယ်ဖွား အမေရိကန်မျိုးဆက်တို့မှာ မြို့ဆင်ခြေဖုံးသို့ ပြောင်းရွှေ့သွားကြပြီး ၄င်းတို့နေရာ၌ ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာခဲ့

အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်ရှိ ဟမ်ထရမ်မတ်မြို့ကလေးသည် ဒက်ထရွိက်မြို့လယ်မှ ခပ်လှမ်းလှမ်းတွင် နှစ်စတုရန်းမိုင်မျှအတွင်း သပ်ယပ်သော နေအိမ်များနှင့် စက်ရုံများအစီအရီတည်ရှိသည့် “ ၀ါဆောမြို့အငယ်စားလေး “ အဖြစ် ဆယ်စုနှစ်များစွာ လူသိများခဲ့သည်။
..
နောင်အခါ ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့် ပိုလန်ကာဒီနယ်ကာရိုးလ်ဝီဂျိုလာကိုယ်တိုင် ၁၉၆၉-ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့ဖူးသည်။ လက်များကို ဆန့်တန်းထားသည့် ဂျိုဝီလာ၏ ရုပ်တုတည်ရာပန်းခြံကို “ ပုပ်ပန်းခြံ ” ဟု ယနေ့တိုင် ခေါ်ဝေါ်နေဆဲဖြစ်ခြင်းမှာ အရိပ်အယောင်ပြသနေဆဲဖြစ်သည်။ တစ်မြို့လုံးနီးပါးကို လွှမ်း ခြုံ ထားသည့် ပိုလန်ရိုးရာအကသမားများနှင့် ကြီးမားသော ပန်းချီကားတစ်ချပ်ပမာ ရှိခဲ့ဖူးသည်။ .. ဟမ်ထရမ်မတ်မြို့ကို စတင်တည်ထောင်စဉ်မှ စတင်၍ မြို့တော်ဝန်တိုင်းမှာ ပိုလန်နွယ်ဖွား အမေရိကန်နိုင်ငံသားများချည့်ဖြစ်ခဲ့သည်။ ၉၉-နှစ်အကြာတွင် ထိုအစဉ်အလာမှာ အဆုံးသတ်ခဲ့ရပြီး လာမည့် ဇန်နဝါရီ ၂-ရက်နေ့ တွင် ကောင်စီတစ်ဖွဲ့လုံး မွတ်စလင်ဘာသာဝင်တို့နှင့်အတူ အမ်မာခါလစ်က မြို့တော်ဝန်အဖြစ်_ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဖြစ်သည်။
..
ဟမ်ထရမ်မတ်သည် မွတ်စလင်ဘာသာဝင်တို့ချည့် အပြည့်အဝ ဖွဲ့စည်းထားသော ကောင်စီဖြင့် အုပ်ချုပ်သည့် အမေရိကန်တွင် ပထမဆုံးမြို့ဖြစ်လာဖွယ်ရှိုပြီး ယင်းကဲ့သို့ စီမံအုပ်ချုပ်မှု မှတ်တမ်းမျိုး မရှိခဲ့ဖူးကြောင်း မွတ်စလင်ပြည်သူ့ရေးရာ ကောင်စီထံမှ သိရှိရသည်။
..
ရွေးချယ်ခံရသော မြို့တော်ဝန် ခါလစ်သည် ယီမင်နိုင်ငံတွင် မွေးဖွားခဲ့ပြီး အင်္ဂလိပ်စကားအကျိုးအပဲ့ ပြောဆိုတတ်သည့် စမတ်ကျသော လူငယ်လေးအဖြစ် အမေရိကန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ယခုအခါ အသက် ၄၂-နှစ်ရှိပြီဖြစ်ဖြစ်သော ခါလစ်သည် ဆေးလောကတွင် အလုပ်လုပ်ကာ ဆရာဝန်ဖြစ်ရန် ပညာသင်ယူလျက်ရှိသည်။
..
ဟမ်ထရစ်မတ်၏ ကောင်းစားသည့် ကာလတို့မှာ ကုန်လွန်သွားခဲ့ပုံရသည်။ မြို့မှာလည်း ဆုတ်ယုတ်သွားသည်။ စက်ရုံအတော်များများမှာ ပိတ်သိမ်းသွားကြသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း ဒုတိယနှင့် တတိယမျိုးဆက် ပိုလန်နွယ်ဖွား အမေရိကန်နိုင်ငံသား အများအပြားတို့သည် ဒက်ထရွိုက်မြို့ဆင်ခြေဖုံးများဆီသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ ၎င်းတို့၏ နေရာသို့ ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချသူတို့က ရောက်ရှိလာကြခြင်းဖြင့် ယခုအခါ ဟမ်ထရစ်မတ်တွင် မွတ်ဆလင်အများစုဖြစ်သွားရသည်ဟု ဒေသခံများက ပြောဆိုသည်။
..
ယခင်ရှိပြီးသားတွင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအလွှာတို့၏ ပုံရိပ်များနေရာတွင် ရွှေ့ပြောင်းအခြေချသူအသစ်တို့ဖြင့် ပြင်ဆင်ရေးထိုးလိုက်ပြီဖြစ်သည်။ နံနက်စာအဖြစ် မဆလာနံ့ပြင်းသည့် ယီမင်စတိုင် ပဲစွပ်ပြုတ်နှင့် ပေါင်မုန့်ပြားများကို စားသုံးနိုင်ပြီး နေ့လယ်စာအတွက် ကီဘာဆာအသားချောင်း သို့မဟုတ် ပရိုဂီအသားသွပ်မုန့်ကို ရရှိနိုင်သည်။ ယခုအချိန်တွင် ဟမ်ထရစ်မက်သည် မီရှီဂန်ပြည်နယ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသော မြို့များအနက် တစ်မြို့ဖြစ်ကြောင်း သန်းခေါင်စာရင်းပါ ကိန်းဂဏန်းများက ဖော်ပြနေသည်။ ရွှေ့ပြောင်း အခြေချသူအသစ်များသည် ပျက်စီးယိုယွင်းနေသော အိမ်များကို ပြုပြင်ခြင်း၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ကာ မြို့ပြ၏ ယခင်အရင်းအမြစ်များကို ဖြုတ်ချလျှက်ရှိကြသည်။ ထိုအချိန်တွင် အမေရိကန်တို့မှာ ပြည်တွင်းနိုင်ငံရေး၌ နစ်မြုပ်နေခြင်းမှလွဲ၍ အခြား မရှိနိုင်ချေ။
..
“ဒီညမှာတော့ အမေရိကန်ရဲ့ အိပ်မက်တွေဟာ အခွင့်အလမ်းကောင်းတွေနဲ့ ရှင်သန်နေကြောင်း တကယ့် ဥပမာ တစ်ခုပါဘဲ” ဟု ခါလစ်က နိုဝင်ဘာလစောစောပိုင်း ရွေးကောက်ပွဲ၌ ၄င်း၏ အပြတ်အသတ်အောင်ပွဲ ရရှိခြင်းကို ဂုဏ်ပြုရန် စိတ်လှုပ်ရှားစွာ စုရုံးရောက်ရှိလာသည့် လူအုပ်ကြီးအား ပြောဆိုခဲ့သည်။ သူသည် ရာထူးတွင် ၁၆ နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ မြို့တော်ဝန်ကာရင်မက်ဂျူးစကီးကို အနိုင်ယူခဲ့သည်။
..
မြို့တော်အုပ်ချုပ်ရေးကောင်စီအသစ်တွင် အမေရိကန်မြေ၌ မွေးဖွားသည့် အဖွဲ့ဝင်တစ်ဦးသာ ပါရှိသည်။ အာမန်ဒါ_ဂျက်စကိုစကီးအမည်ရှိ အမျိုးသမီးသည် မစ်ရှီဂန်တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ ပိုလန်နွယ်ဖွား ၄င်း၏ အမေရိကန်မိသားစုသည် မနီးမဝေးရှိ ကက်သလစ်ဘုရားကျောင်းတော်တွင် မျိုးဆက် ၅-ဆက်တိုင်အောင် ဝတ်ပြုဆုတောင်းခဲ့သူများဖြစ်သည်။ ၂၀၁၂-ခုနှစ်တွင် အာမန်ဒါသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့သည်။

(( ယီနင်မှာ အရှေ့အလယ်ပိုင်းတွင် နိုင်ငံပျက်စီးကြေမွရာ၌ အမေရိကန်၌ တာဝန် မကင်းပါသဖြင့် မည်သို့မျှ ဝေဖန်ရန် မရှိပါ။
..
အထူးသဖြင့် အကောင့် ခပ်လှုပ်လှုပ်ဖြစ်နေသော ကျွန်တော့်အတွက် ယခုသတင်ဘာသာပြန်ဆိုခြင်းကို ဤမျှလောက်နှင့် ရပ်နားလိုက်ရခြင်းကိုလည်း ခွင့်လွှတ်နိုင်ကြပါရန်။ ။ သတင်းဘာသာပြန်ဆိုသူ))

(((CNN., 18 December 18 2021,” Michigan city gets ready to inaugurate all-Muslim government” By: Nick Watt and Jason Kravarik ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။)))

(by Htay Oung)

https://edition.cnn.com/2021/12/18/us/michigan-hamtramck-all-muslim-council/

Leave a comment