ငြိမ်းချမ်းရေးစကား၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အသံကြား တိုင်း

ငြိမ်းချမ်းရေးစကား၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အသံကြား တိုင်း ကိုယ်ကြုံခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံလေးတခုကို သွားသတိရတယ်။ တခါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးမှာ စစ်ဗိုလ်ချုပ်တ‌ ယောက်က ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့အဖွဲ့ကတ ယောက်ကို တရားဝင် အစည်းအဝေးထဲမှာပဲ “ဟေ့ကောင် (နာမည်ကို ဦး၊ ကို၊ ရဲဘော်မတပ်ဘဲ) မင်းက ဘာသေနတ် ရှိလို့၊ ဘာအင်အားရှိလို့ ဒီစကားကို ပြောတာလဲကွ”ဆိုပြီး ထပြောပါလေရော။ကိုယ်ဖြင့် မင်သက်လို့။ အော်၊ ငြိမ်းချမ်းရေးစကား၊ နိုင်ငံ ရေးဆွေးနွေးပွဲဆိုတာ ဒါမျိုးပါလားလို့ မျက်မြင်ဒိဌကြုံခဲ့ရ တဲ့ အခိုက်အတန့်ပေါ့။ ဒါနော်၊ စစ်တလင်းမှာမဟုတ်ဘူး။ ဆိုင်းဘုတ်ကြီးတွေအကြီးကြီးတပ်ပြီးဆွေးနွေးနေတဲ့တရား ဝင်အစည်းအဝေးထဲမှာ ပြောတာ။ တခြားသိကြားသက်သေ တွေလဲရှိပါရဲ့။အဲ့ထဲက မြန်မာပြည်မှာ နိုင်ငံရေးဆွေးနွေးတာ၊ ညှိနှိုင်းတာဆိုတာ လက်နက်နဲ့ပြောရတာပါလား၊ အင်အားနဲ့ပြောရတာ ပါလားဆိုတာကို သေသေချာချာ သဘောပေါက်မိတော့တယ်။ အင်အားမရှိဘဲ ဆွေးနွေးပွဲစကားပြောပြီဆိုရင်လဲ ဒါဟာ “အလွန်အကျွံ စိတ်ကူးယဉ်ဝါဒ”သက်သက်ပဲလို့ မြင်မိလာတယ်။ကျနော့်အမြင်တော့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လမ်းကိုပဲသွား သွား စစ်တပ်နဲ့ အင်အား မျှခြေဖြစ်အောင်လုပ်မှရမယ်ဆို တာကို ဒီဆွေးနွေးပွဲက အသိပေးလိုက်တာပဲ။ အထူးသဖြင့် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ဒီအချက်က ပိုလို့ခိုင် မာလာတယ်လို့ပဲမြင်တယ်။

Ko Ye

Leave a comment